Psalms 78:38
သို့သော်လည်းဘုရားသခင်သည်မိမိ၏လူစုအား ကရုဏာထားတော်မူ၏။ သူတို့၏အပြစ်များကိုဖြေလွှတ်တော်မူ၍ သူတို့အားဆုံးပါးပျက်စီးစေတော်မမူ။ ကိုယ်တော်သည်ကြိမ်ဖန်များစွာမိမိ၏ဒေါသကို ချုပ်တည်းတော်မူ၍ သူတို့ပေါ်တွင်အမျက်မထွက်ဘဲနေတော် မူ၏။
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 24:16ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေရုရှလင်မြို့ကိုဖျက်ဆီးမည်ပြုသော အခါ ထာဝရဘုရားသည်လူတို့အား အပြစ်ဒဏ်ခတ်မှုနှင့်ပတ်သက်၍စိတ်ပြောင်း လဲတော်မူသဖြင့်``ရပ်တန့်လော့။ တော်လောက် ပြီ'' ဟုကောင်းကင်တမန်အားမိန့်တော်မူ၏။ ထိုအခါ၌ကောင်းကင်တမန်သည်ယေဗုသိ အမျိုးသားအရောန၏ကောက်နယ်တလင်း အနီးတွင်ရပ်လျက်နေသတည်း။
2 Kings 21:20အာမုန်သည်မိမိ၏ခမည်းတော်မနာရှေကဲ့ သို့ပင် ထာဝရဘုရားအားပြစ်မှားလေသည်။-
Psalms 106:43ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကြိမ်ဖန်များစွာကယ်ဆယ်တော်မူခဲ့သော်လည်း သူတို့သည်ကိုယ်တော်အားပုန်ကန်မြဲ ပုန်ကန်ကြသဖြင့် အပြစ်နွံတွင်ပို၍သာနစ်ကြကုန်၏။
Isaiah 48:9``ငါ၏နာမတော်ကိုလူတို့ထောမနာပြုကြစေရန်၊ ငါသည်မိမိ၏အမျက်ကိုထိန်းချုပ်၍ထားမည်။ မိမိဒေါသကိုချုပ်တည်း၍သင်တို့အား ဖျက်ဆီးသုတ်သင်မှုကိုမပြုဘဲနေမည်။
Ezekiel 20:13သို့ရာတွင်သူတို့သည်တောကန္တာရ၌ပင် ငါ့ကိုအာခံကြ၏။ ငါ၏အမိန့်တော်တို့ ကိုလိုက်နာသူမှန်သမျှသည်အသက်ရှင် ခွင့်ရမည်ဖြစ်သော်လည်းသူတို့သည်ငါ ၏ပညတ်တော်တို့ကိုချိုးဖောက်၍ငါ၏ အမိန့်တော်တို့ကိုပစ်ပယ်ကြ၏။ ဥပုသ်နေ့ ကိုလည်းအလျှင်းမရိုသေ။ သို့ဖြစ်၍ငါ သည်သူတို့အားတောကန္တာရတွင်ငါ၏ အမျက်တော်သွန်းလောင်းခြင်းဒဏ်ကိုခံ စေ၍ သုတ်သင်ဖျက်ဆီးပစ်ရန်အကြံရှိ ခဲ့၏။-