Psalms 80:17
ကိုယ်တော်ရှင်ရွေးချယ်တော်မူသောလူစု၊ အင်အားကြီးမားအောင် ကိုယ်တော်ရှင်ပြုစုတော်မူသည့်လူမျိုးကို ကာကွယ်စောင့်ရှောက်တော်မူပါ။
Common Language Bible
In The King James Version
In Context
Cross References
Psalms 80:15ကြွလာတော်မူ၍ကိုယ်တော်ရှင်ကိုယ်တော်တိုင် စိုက်ပျိုးပြီးလျှင် အလွန်သန်မာထွားကြိုင်းအောင်ပြုစုထားသည့် စပျစ်ပင်ပျိုကိုကယ်တော်မူပါ။
Psalms 110:1ထာဝရဘုရားက ``ငါသည်သင်၏ရန်သူများကိုသင်၏ ခြေတင်ခုံဖြစ်စေမည်။ ယင်းသို့မဖြစ်မီကာလငါ၏လက်ယာဘက် တွင် ထိုင်နေလော့'' ဟု ငါ၏အရှင်မင်းမြတ်အားမိန့်တော်မူ၏။
Jeremiah 11:16အခါတစ်ပါးကထာဝရဘုရားသည်ထို သူတို့အားအရွက်များဖြင့်စိမ်းလန်းဝေဆာ ၍ လှပသောအသီးများနှင့်ပြည့်နှက်လျက် ရှိသည့်သံလွင်ပင်ဟုခေါ်ဆိုသမုတ်ခဲ့၏။ သို့ရာတွင်ယခုအခါ၌သူသည်မိုးကြိုး သံနှင့်တူသောအသံဖြင့် ထိုအပင်အရွက် များကိုမီးရှို့၍အကိုင်းအခက်များကို ချိုးတော်မူမည်။
Daniel 7:13ညဥ့်အခါထိုရူပါရုံတွင်ငါသည်လူသားနှင့်တူသူတစ်ဦးကိုမြင်ရ၏။ သူသည်မိုးတိမ်ခြံရံကာငါ့ထံသို့ချဉ်းကပ်လာ၏။ ထိုနောက်ထာဝစဉ်အသက်ရှင်တော်မူသောအရှင်၏ထံတော်သို့ရောက်ရှိသွားသဖြင့်သူသည်ကိုယ်တော်၏ရှေ့တော်သို့ဝင်ခွင့်ရလေသည်။-