Psalms 81:5
ကိုယ်တော်သည်အီဂျစ်ပြည်ကိုတိုက်ခိုက်တော် မူစဉ်က ယင်းအမိန့်ကိုဣသရေလအမျိုးသားတို့အား ပေးတော်မူ၏။ မသိမကျွမ်းသောအသံကိုငါကြားရ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 12:12``ထိုနေ့ညတွင်ငါသည် အီဂျစ်ပြည်ကိုဖြတ် သန်းကြွသွား၍ လူနှင့်တိရစ္ဆာန်တို့၏သားဦး ရှိသမျှတို့ကိုသေဒဏ်ခတ်၍ အီဂျစ်ပြည် ရှိဘုရားအပေါင်းတို့ကိုဒဏ်စီရင်မည်။ ငါသည်ထာဝရဘုရားဖြစ်၏။-
Exodus 12:29သန်းခေါင်အချိန်တွင်ထာဝရဘုရားသည် အီဂျစ်ဘုရင်၏နန်းလျာသားဦးမှစ၍ ထောင်တွင်းရှိ အကျဉ်းသမားသားဦးတိုင် အောင်အီဂျစ်ပြည်ရှိသားဦးမှန်သမျှကို လည်းကောင်း၊ တိရစ္ဆာန်တို့၏သားဦးဟူသမျှ ကိုလည်းကောင်းသေဒဏ်စီရင်တော်မူ၏။-
Exodus 13:14နောင်အခါ၌သင်၏သားက`အဘယ်ကြောင့်ဤ သို့ပြုလုပ်ရပါသနည်း' ဟုမေးလျှင်`ထာဝရ ဘုရားသည်မဟာတန်ခိုးတော်ဖြင့် ငါတို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့တော် မူ၏။-
Deuteronomy 28:49ထာဝရဘုရားသည်သင်တို့ကိုတိုက်ခိုက် စေရန် သင်တို့နှင့်ဘာသာစကားချင်းမတူ သောကမ္ဘာတစ်စွန်းမှ လူမျိုးတစ်မျိုးကိုခေါ် ဆောင်ခဲ့တော်မူလိမ့်မည်။ ထိုသူတို့သည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင်တို့ကို တိုက်ခိုက်လိမ့်မည်။-
Psalms 78:6ဤသို့ပြုတော်မူခြင်းမှာ၊နောက်လူမျိုးဆက် သည် ပညတ်တော်တို့ကိုသိရှိနားလည်လျက် မိမိတို့၏သားမြေးတို့အားတစ်ဆင့်ပြန်၍ သွန်သင်ပေးနိုင်ကြစေရန်ဖြစ်၏။
Psalms 114:1ယာကုပ်၏သားမြေးဣသရေလအမျိုးသား တို့သည် နိုင်ငံရပ်ခြားအီဂျစ်ပြည်မှထွက်သွားကြ သောအခါ၊