Psalms 85:6
ကျွန်တော်မျိုးတို့ကိုအားသစ်လောင်းတော် မူပါ။ သို့ပြုတော်မူပါလျှင်ကိုယ်တော်ရှင်၏ လူစုတော်ဖြစ်သောကျွန်တော်မျိုးတို့သည် ကိုယ်တော်ရှင်အားထောမနာပြုကြပါမည်။
Common Language Bible
In The King James Version
Wilt thou not revive us again: that thy people may rejoice in thee?
In Context
Cross References
Ezra 9:8အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့အားကရုဏာထား တော်မူသဖြင့် လူမျိုးခြားတို့၏လက်မှလွတ် မြောက်စေ၍ ယခုအခါသန့်ရှင်းမြင့်မြတ်သည့် ဌာနတော်တွင် ကာလအနည်းငယ်မျှဘေးမဲ့ လုံခြုံစွာနေရသောအခွင့်ကိုပေးတော်မူပါ ပြီ။ ကိုယ်တော်သည်ကျွန်ုပ်တို့အား ကျွန်ဘဝမှ လွတ်မြောက်စေ၍ဘဝသစ်ကိုပေးတော်မူ ပါပြီ။-
Psalms 71:20ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား များပြားဆိုးရွားသောဘေးဒုက္ခများနှင့် တွေ့ကြုံစေတော်မူသော်လည်း ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားပြန်၍ အားအင်ပြည့်ဝစေတော်မူလျက်သေဘေးမှ ကယ်တော်မူပါလိမ့်မည်။
Psalms 77:8ကိုယ်တော်သည်ငါတို့ကိုချစ်တော်မမူတော့ ပြီလော။ ကတိတော်သည်လည်းပျက်လေပြီလော။
Psalms 90:14ကျွန်တော်မျိုးတို့သည်တစ်သက်လုံးသီချင်းဆိုလျက် ဝမ်းမြောက်နိုင်ကြစေရန် နံနက်တိုင်းကျွန်တော်မျိုးတို့အားကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်ကိုခံစားစေတော်မူပါ။
Psalms 149:2ဣသရေလအမျိုးသားတို့၊ သင်တို့ကိုဖန်ဆင်းတော်မူသောအရှင်ကို အကြောင်းပြု၍ဝမ်းမြောက်ကြလော့။
Jeremiah 3:5ကိုယ်တော်ရှင်သည်အစဉ်အမြဲအမျက် ထွက်၍နေတော်မူမည်မဟုတ်ပါ။ ကျွန်တော် မျိုးအားထာဝစဉ်အမျက်တော်ရှ၍နေ တော်မူမည်မဟုတ်ပါဟုဆို၏။ အို ဣသ ရေလ၊ သင်သည်ဤသို့ပြောဆိုပြီးနောက် မိမိပြုနိုင်သမျှမကောင်းမှုတို့ကိုပြု၏'' ဟုမိန့်တော်မူ၏။