Psalms 90:14
ကျွန်တော်မျိုးတို့သည်တစ်သက်လုံးသီချင်းဆိုလျက် ဝမ်းမြောက်နိုင်ကြစေရန် နံနက်တိုင်းကျွန်တော်မျိုးတို့အားကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်ကိုခံစားစေတော်မူပါ။
Common Language Bible
In The King James Version
O satisfy us early with thy mercy; that we may rejoice and be glad all our days.
In Context
Cross References
Psalms 23:6ဧကန်မုချကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ၏ ကျေးဇူးနှင့်ကရုဏာတော်ကိုတစ်သက်လုံး ခံစား၍ ကိုယ်တော်ရှင်၏အိမ်တော်မှာအသက်ရှင်သမျှ ကာလပတ်လုံးနေရပါလိမ့်မည်။
Psalms 36:7အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် လွန်စွာမြတ်နိုးဖွယ်ဖြစ်ပါ၏။ ကျွန်တော်မျိုးတို့သည်ကိုယ်တော်၏အတောင် တော်ရိပ် အောက်တွင်ဘေးမဲ့လုံခြုံခွင့်ရရှိကြပါ၏။
Psalms 65:4ဗိမာန်တော်၌နေ၍အထံတော်သို့ချဉ်းကပ် စေရန် ကိုယ်တော်ရှင်ရွေးချယ်သောသူများသည် မင်္ဂလာရှိပါ၏။ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏အိမ်တော်မှ ကောင်းမြတ်သောအရာများ၊သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်မှကောင်းချီးမင်္ဂလာများကိုခံစား ရရှိ ကြသဖြင့်ရောင့်ရဲကြပါလိမ့်မည်။
Psalms 86:4အို ဘုရားရှင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်၏ထံသို့ ဆုတောင်းသည်ဖြစ်၍ကိုယ်တော်ရှင့်အစေ ခံအား ဝမ်းမြောက်စေတော်မူပါ။
Psalms 143:8နံနက်ချိန်တိုင်း၌ကျွန်တော်မျိုးအား ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို သတိရစေတော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုကိုးစားပါ၏။ ကျွန်တော်မျိုးလျှောက်သင့်သည့်လမ်းကို ပြညွှန်တော်မူပါ။
Jeremiah 31:15ထာဝရဘုရားက၊ ``ရာမအရပ်၌အသံတစ်ခုကိုကြားရ၏။ ထိုအသံသည်ဝမ်းနည်းပက်လက် ငိုကြွေးသည့်အသံဖြစ်၏။ ရာခေလသည်မိမိ၏သားသမီးများအတွက် ငိုကြွေးလျက်နေလေသည်။ သူတို့အားလုံးပင်မရှိတော့ပြီဖြစ်၍ သူသည်နှစ်သိမ့်မှုကိုမခံလို'' ဟုမိန့်ဆို၏။