The Bible Software
bible.software › Psalms › Psalms 9 › Psalms 9:14

Psalms 9:14

သို့​မှ​သာ​လျှင်​ကျွန်​တော်​မျိုး​သည် ယေ​ရု​ရှ​လင်​မြို့​သား​တို့​၏​ရှေ့​တွင်​ရပ်​လျက် ကိုယ်​တော်​၏​ဂုဏ်​ကျေး​ဇူး​တော်​အ​ပေါင်း​ကို ဖော်​ပြ​နိုင်​ပါ​လိမ့်​မည်။ ကိုယ်​တော်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော် ကြောင့် ကျွန်​တော်​မျိုး​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​မည်။

Common Language Bible

In The King James Version

That I may shew forth all thy praise in the gates of the daughter of Zion: I will rejoice in thy salvation.

In Context

13အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ ရန်​သူ​များ​ကြောင့်​ကျွန်​တော်​မျိုး​အ​ဘယ်​မျှ ဆင်း​ရဲ ဒုက္ခ​ခံ​ရ​ကြောင်း​ကို​ရှု​မှတ်​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား ကျွန်​တော်​မျိုး​အား​သေ​ဘေး​မှ​ကယ်​ဆယ်​တော် မူ​ပါ။

15ဘု​ရား​မဲ့​သူ​တို့​သည်​မိ​မိ​တို့​တူး​သော​ကျင်း ထဲ​သို့ ပြန်​၍​ကျ​ကြ​လေ​ပြီ။ မိ​မိ​တို့​ထောင်​ထား​သော​ကျော့​ကွင်း​တွင်း​၌ ပင်​လျှင် ပြန်​၍​မိ​ကြ​လေ​ပြီ။

Read all of Psalms 9

Cross References

Exodus 3:7ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး တော်​သည် အီ​ဂျစ်​ပြည်​တွင်​ခံ​ရ​သော​ဆင်း​ရဲ ဒုက္ခ​ကို​ငါ​ဒိ​ဌ​တွေ့​မြင်​ရ​ပြီ။ သူ​တို့​ကို​စေ ခိုင်း​သော​သ​ခင်​တို့​၏​ညှင်း​ပန်း​ခြင်း​ကို​မ​ခံ မ​ရပ်​နိုင်​သော​ကြောင့် သူ​တို့​အော်​ဟစ်​၍​အ​ကူ အ​ညီ​တောင်း​ခံ​သံ​ကို​ငါ​ကြား​ရ​ပြီ။ ငါ​သည် သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း​ကို​ဧ​ကန်​အ​မှန် သိ​မြင်​ရ​ပြီ။-

1 Samuel 2:1ဟန္န​သည်​ဤ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သည်။ ``ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်​မ​အား​စိတ်​ရွှင်​လန်း စေ​တော်​မူ​ပြီ။ ကျွန်​မ​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​ကို​ထောက်​၍​ဝမ်း​မြောက်​ပါ​၏။ ကျွန်​မ​သည်​ရန်​သူ​တို့​အား​ပြက်​ရယ်​ပြု​ခွင့် ရ​ပါ​၏။ ဘု​ရား​သ​ခင်​သည်​ကျွန်​မ​ကို​ကူ​မ​တော်​မူ​ပြီ ဖြစ်​၍ ကျွန်​မ​သည်​စိတ်​ရွှင်​လန်း​ပါ​၏။

Psalms 13:5ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​အား​ကိုး​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​မည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​မည်။

Psalms 21:1အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မင်း​ကြီး​အား​ခွန်​အား​စွမ်း ရည်​ကို ပေး​တော်​မူ​သ​ဖြင့်​သူ​သည်​ဝမ်း​မြောက်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​စစ်​ပွဲ​ကို​အောင်​စေ​တော်​မူ သ​ဖြင့် သူ​သည်​အ​လွန်​အား​ရ​ရွှင်​လန်း​ပါ​၏။

Psalms 22:25ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​အ​တွက် ကိုယ်​တော်​အား​ကိုး​ကွယ်​သူ​လူ​ပ​ရိ​သတ်​ရှေ့​တွင် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​မိ​မိ​က​တိ​သစ္စာ​ပြု​ခဲ့​သည့် အ​တိုင်း ယဇ်​ပူ​ဇော်​ပါ​မည်။

Psalms 35:18ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏ လူ​စု​တော် အ​စည်း​အ​ဝေး​တွင် ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ လူ​ပ​ရိ​သတ်​ကြီး​၏​ရှေ့​တွင်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ပါ​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 9:14

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 9:13Psalms 9Psalms 9:15 →