Psalms 21:8
မင်းကြီးသည်မိမိ၏ရန်သူအပေါင်းကို ဖမ်းဆီးတော်မူလိမ့်မည်။ ကိုယ်တော်အားမုန်းသောသူအပေါင်းတို့ကို လက်ရဖမ်းဆီးတော်မူလိမ့်မည်။
Common Language Bible
In The King James Version
Thine hand shall find out all thine enemies: thy right hand shall find out those that hate thee.
In Context
Cross References
1 Samuel 25:29အကယ်၍တစ်စုံတစ်ယောက်သောသူသည် အရှင့်အားတိုက်ခိုက်သတ်ဖြတ်ရန်ကြိုးစား ပါမူ လူသည်အဖိုးထိုက်သည့်ရတနာကို လုံခြုံစွာသိမ်းဆည်းထားတတ်သကဲ့သို့ ထာဝရဘုရားသည်အရှင်၏အသက်ကို လည်းဘေးမဲ့လုံခြုံစွာထားတော်မူပါလိမ့် မည်။ အရှင်၏ရန်သူတို့ကိုမူကား လူသည် ကျောက်ခဲကိုလောက်လွှဲဖြင့်ပစ်ထုတ်သကဲ့ သို့ကိုယ်တော်ပစ်ထုတ်တော်မူပါလိမ့်မည်။-
2 Samuel 7:1ယခုအခါဒါဝိဒ်မင်းသည်နန်းတော်တွင် ငြိမ်းချမ်းစွာနေရသောအခါ ထာဝရ ဘုရားသည်ဒါဝိဒ်မင်းအားရန်သူအပေါင်း တို့ဘေးမှကင်းဝေးစေတော်မူသဖြင့်၊-
Psalms 16:8ထာဝရဘုရားသည်ငါနှင့်အတူရှိတော် မူသည်ကို ငါအစဉ်သိ၏။ ကိုယ်တော်သည်ငါ၏အနီး၌ရှိတော်မူသဖြင့် အဘယ်အရာမျှငါ့ကိုတုန်လှုပ်စေနိုင်မည် မဟုတ်ပါ။
Psalms 72:9သဲကန္တာရရှိလူမျိုးအပေါင်းတို့သည် မင်းကြီး၏ ရှေ့တော်၌ဦးညွှတ်ကြပါလိမ့်မည်။ မင်းကြီး၏ရန်သူများသည်ခြေတော်ရင်းတွင် ပျပ်ဝပ်ကြပါလိမ့်မည်။
Psalms 109:20အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏အကြောင်းဆိုးရွားသည့် သတင်းကိုလွှင့်သူကျွန်တော်မျိုး၏ရန်သူတို့ အား ဤနည်းအတိုင်းအပြစ်ပေးတော်မူပါ။
Isaiah 10:10ရုပ်တုကိုးကွယ်သည့်တိုင်းပြည်များကိုအပြစ် ဒဏ်ပေးရန် ငါသွားရောက်ခဲ့၏။ ထိုတိုင်းပြည် တွင် ယေရုရှလင်မြို့နှင့်ဒမာသက်မြို့များ မှာထက် ရုပ်တုဆင်းတုပေါများသည်သာ တည်း။-