ဗျာဒိတ်ကျမ်း 1:7
ကြည့်ရှုလော့။ ကိုယ်တော်သည်မိုးတိမ်စီး၍ကြွ လာတော်မူလိမ့်မည်။ ကိုယ်တော်အားလှံဖြင့် ထိုးဖောက်ခဲ့သူများပါမကျန် လူအပေါင်း တို့သည်ကိုယ်တော်ကိုဖူးမြင်ကြရလိမ့်မည်။ ကမ္ဘာပေါ်ရှိလူမျိုးရှိသမျှတို့သည်ဝမ်း နည်းကြေကွဲကြလိမ့်မည်။ ထိုအတိုင်း ဖြစ်ပါစေသော။
Common Language Bible
In The King James Version
In Context
Cross References
Judges 5:31အို ထာဝရဘုရားကိုယ်တော်၏ရန်သူ အပေါင်းတို့သည် ဤနည်းအတိုင်းပင်ဆုံးရှုံးပျက်စီးကြပါ စေသော။ သို့ရာတွင်ကိုယ်တော်၏မိတ်ဆွေများမှာမူကား တက်သစ်နေကဲ့သို့ထွန်းလင်းတောက်ပ ကြပါစေသော။ ထိုနောက်ခါနာန်ပြည်တွင်အနှစ်လေးဆယ် တိုင်တိုင်ငြိမ်းချမ်းသာယာလျက်နေသတည်း။
Job 33:26ဘုရားသခင်ကို ဆုတောင်း၍ကျေးဇူးတော်ကို ခံရသဖြင့်၊ ဝမ်းမြောက်သောစိတ်နှင့် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးကို လူတို့အား ဘုရားသခင်ပေးတော်မူတတ်၏။
Psalms 68:1ဘုရားသခင်သည်ထတော်မူ၍ကိုယ်တော်၏ ရန်သူများကိုကွဲလွင့်စေတော်မူ၏။ ကိုယ်တော်ကိုမုန်းသောသူတို့သည်အရေးနိမ့်၍ ထွက်ပြေးကြ၏။
Isaiah 19:1ဤဗျာဒိတ်တော်သည်အီဂျစ်ပြည်နှင့် သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ထာဝရဘုရားသည်မိုးတိမ်ကိုစီး၍ အီဂျစ် ပြည်သို့လျင်မြန်စွာကြွလာတော်မူလေပြီ။ အီဂျစ်ပြည်ရှိရုပ်တုဆင်းတုများသည် ကိုယ် တော်၏ရှေ့တော်၌ကြောက်လန့်တုန်လှုပ်ကြ ကုန်၏။ အီဂျစ်ပြည်သူတို့သည်လည်းသူရဲ ဘောကြောင်၍သွားကုန်၏။-
Nahum 1:3ထာဝရဘုရားသည်အလွယ်တကူ အမျက်ထွက်တော်မမူတတ်။ သို့ရာတွင်ကိုယ်တော်သည်တန်ခိုးကြီး တော်မူ၍၊ အပြစ်ရှိသူတို့ကိုအပြစ်ဒဏ်မခတ်ဘဲ အဘယ်အခါ၌မျှထားတော်မမူပါ။ ကိုယ်တော်လျှောက်သွားရာအရပ်တို့၌ လေမုန်တိုင်းများကျရောက်တတ်၏။ မိုးတိမ်များကားကိုယ်တော်၏ရွှေစက်တော် အောက်မှ ထသည့်မြေမှုန့်များပင်တည်း။
Matthew 24:30ထိုအခါလူသားကြွလာတော်မူမည့်နိမိတ် လက္ခဏာသည်မိုးကောင်းကင်တွင်ပေါ်ထွန်းလာ လိမ့်မည်။ မိုးတိမ်ကိုစီးလျက်ကြီးစွာသောဘုန်း တန်ခိုးတော်ဖြင့်လူသားကြွလာတော်မူသည်ကို ကမ္ဘာပေါ်ရှိလူအပေါင်းတို့သည်မြင်ကြသော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။-