ဗျာဒိတ်ကျမ်း 11:13
ထိုခဏ၌မြေငလျင်ပြင်းစွာလှုပ်သဖြင့် မြို့ကြီး၏ဆယ်ပုံတစ်ပုံပျက်စီး၍လူပေါင်း ခုနစ်ထောင်သေကြ၏။ ကြွင်းကျန်သောသူ တို့သည်ထိတ်လန့်လျက်ကောင်းကင်ဘုံရှင် ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူးကြ ကုန်၏။
Common Language Bible
In The King James Version
In Context
14ဒုတိယအမင်္ဂလာကားကုန်လွန်သွားလေပြီ။ တတိယအမင်္ဂလာသည်မကြာမီလာ လိမ့်မည်။
Cross References
Genesis 6:4ကမ္ဘာပေါ်တွင်ထိုကာလနှင့်နောက်ပိုင်းကာလ၌ လူတို့၏သမီးများနှင့်အထက်ဘုံသားတို့မှ ပေါက်ဖွားလာသောသူများရှိကြ၏။ ထိုသူတို့ သည်ကိုယ်ခန္ဓာအလွန်ထွားကြိုင်း၍ ရှေးခေတ် အခါကနာမည်ကျော်လူစွမ်းကောင်းများ ဖြစ်ကြ၏။
1 Samuel 6:5အနာစိမ်း၏ပုံစံ၊ သင်တို့ပြည်ကိုဖျက်ဆီး လျက်နေသည့်ကြွက်၏ပုံစံတို့ကိုပြုလုပ်၍ ဣသရေလအမျိုးသားတို့ဘုရားကိုဂုဏ် ပြုချီးမြှင့်ရမည်။ ကိုယ်တော်သည်သင်တို့ နှင့်သင်တို့၏ဘုရားများကိုလည်းကောင်း၊ သင်တို့၏ပြည်ကိုလည်းကောင်းဒဏ်မ ခတ်တော့ဘဲနေကောင်းနေတော်မူလိမ့်မည်။-
Jeremiah 13:16သင်တို့ဘုရားသခင်ထာဝရဘုရား သည် မိုးချုပ်စေတော်မူသဖြင့် သင်တို့သည်တောင်ပေါ်တွင်၊ခြေချော်၍ မလဲမီအခါ၌လည်းကောင်း၊ ကိုယ်တော်သည်သင်တို့စောင့်မျှော်ရာအလင်း ကို မှောင်မိုက်အဖြစ်သို့၊ ပြောင်းလဲစေတော်မမူမီအခါ၌လည်း ကောင်း သင်တို့ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
Acts 1:15ရက်အနည်းငယ်ကြာသောအခါတစ်ရာ့နှစ်ဆယ် ခန့်သောတပည့်တော်ညီအစ်ကိုတို့သည်စုဝေး လျက်ရှိကြ၏။ ထိုအချိန်၌ပေတရုသည်ထ၍၊-
Revelation 6:12ထိုနောက်သိုးသူငယ်တော်သည်ဆဋ္ဌမချိပ် တံဆိပ်တော်ကိုဖွင့်လေလျှင် မြေငလျင်ပြင်း စွာလှုပ်လေ၏။ နေသည်ဂုံအိတ်ထည်မည်းကဲ့ သို့မည်းနက်လာ၏။ လတစ်ဝန်းလုံးသည် လည်းသွေးကဲ့သို့နီလာ၏။-
Revelation 8:9ပင်လယ်သတ္တဝါသုံးပုံတစ်ပုံတို့သည်သေ ကြ၏။ သုံးပုံတစ်ပုံမျှသောင်္သဘောတို့ သည်လည်းပျက်စီးသွားကြ၏။