ဗျာဒိတ်ကျမ်း 16:11
မိမိတို့၏ဝေဒနာနှင့်အနာစိမ်းများကြောင့် ကောင်းကင်ဘုံရှင်ဘုရားသခင်ကိုကျိန်ဆဲကြ ၏။ မိမိတို့၏အပြစ်များအတွက်နောင်တမရ ကြ။
Common Language Bible
In The King James Version
In Context
Cross References
Ezra 1:2ထိုအမိန့်တော်တွင် ဤကားပေရသိပြည်ကုရုမင်း၏အမိန့်တော်ဖြစ်သည်။ ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရားသည် ငါ့အားကမ္ဘာတစ်ဝှမ်းလုံးကိုအစိုးရစေတော်မူ၍ ယုဒပြည်ယေရုရှလင်မြို့၌ဗိမာန်တော်ကိုတည်ဆောက်ရန် တာဝန်ကိုငါ့အားပေးအပ်တော်မူလေပြီ။-
Ezra 7:21``ငါအာတဇေရဇ်မင်းသည်ကောင်းကင်ဘုံ ရှင် ဘုရားသခင်၏ပညတ်ကျမ်းတတ်မြောက် သောယဇ်ပုရောဟိတ်ဧဇရ တောင်းသမျှ သောအရာတို့ကိုအလျင်အမြန်ထုတ် ပေးကြရန် ဥဖရတ်မြစ်ကြီးအနောက် ဘက်ပြည်နယ်ရှိငွေတိုက်စိုးအပေါင်း တို့အားအမိန့်တော်ရှိသည်။-
Nehemiah 1:4ထိုစကားကိုကြားသောအခါငါသည် ထိုင်၍ငိုကြွေး၏။ ငါသည်ရက်ပေါင်းများစွာငိုကြွေးမြည် တမ်းလျက်အစာရှောင်ပြီးလျှင်၊-
Psalms 136:26ကောင်းကင်ဘုံရှင်ဘုရားသခင်၏ကျေးဇူး တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
Daniel 2:44အထက်ဖော်ပြပါဘုရင်များနန်းစံလျက် နေချိန်၌ပင်လျှင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည်အဘယ်အခါမျှမပျက်စီး နိုင်သည့် နိုင်ငံတစ်ခုကိုတည်ထောင်တော်မူ ပါလိမ့်မည်။ ထိုနိုင်ငံကိုအဘယ်အခါ၌ မျှနှိမ်နင်း၍ရမည်မဟုတ်ပါ။ ယင်းသည် အခြားနိုင်ငံရှိသမျှကိုဖြိုခွင်းပြီး နောက် အစဉ်အမြဲတည်ပါလိမ့်မည်။-