ဗျာဒိတ်ကျမ်း 16:16
ထိုနောက်ဝိညာဉ်တို့သည်ရှင်ဘုရင်တို့အား ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်ဟု နာမည်တွင်သောအရပ်သို့ခေါ်ဆောင်စုရုံး စေကြ၏။
Common Language Bible
In The King James Version
And he gathered them together into a place called in the Hebrew tongue Armageddon.
In Context
Cross References
Judges 4:7သင့်ကိုတိုက်ခိုက်စေရန်ရာဘိန်မင်း၏စစ်သူ ကြီးသိသရကိုကိရှုန်မြစ်သို့ငါခေါ်ဆောင် ခဲ့မည်။ သူ၏ထံတွင်ရထားများနှင့်စစ်သည် ဗိုလ်ပါများပါရှိလိမ့်မည်။ သို့ရာတွင်ငါသည် သင့်အားသူ့ကိုနိုင်နင်းအောင်မြင်စေမည်' ဟု သင့်အားမိန့်တော်မူလေပြီ'' ဟုပြော၏။
2 Kings 23:29ယောရှိနန်းစံချိန်၌အီဂျစ်ဘုရင်နေခေါသည် အာရှုရိဘုရင်ကိုစစ်ကူပေးရန်တပ်မတော် နှင့်ဥဖရတ်မြစ်သို့ချီတက်လာ၏။ ယောရှိမင်း သည်အီဂျစ်တပ်မတော်ကိုမေဂိဒ္ဒေါမြို့တွင် ဆီး တားရန်ကြိုးစားရာစစ်ပွဲတွင်ကျဆုံးတော် မူ၏။-
Zechariah 12:11ထိုအခါ၌ယေရုရှလင်မြို့တွင်ငိုကြွေး မြည်တမ်းမှုသည်မေဂိဒ္ဒေါလွင်ပြင်တွင် ဗာလ နတ်ဘုရားအတွက်ငိုကြွေးမြည်တမ်းမှုကဲ့ သို့ကြီးကျယ်ပေလိမ့်မည်။-
John 5:2ယေရုရှလင်မြို့သိုးတံခါးအနီးမှာရေကန် ရှိ၏။ ထိုရေကန်ကိုဟေဗြဲစကားဖြင့်ဗေသေ သဒဟုခေါ်၏။ ထိုရေကန်ကိုမုခ်ငါးခုဖြင့် ခြံရံထား၏။-
John 19:17ကိုယ်တော်သည်ဦးခေါင်းခွံဟုနာမည်တွင်သော အရပ်သို့မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်း လျက်ကြွတော်မူ၏။ (ထိုအရပ်ကိုဟေဗြဲ ဘာသာအားဖြင့် ``ဂေါလဂေါသ'' ဟုခေါ် သတည်း။)-
Revelation 9:11သူတို့၏ဘုရင်ကားတွင်းနက်ကြီး၏ကောင်းကင် တမန်ဖြစ်၏။ သူ၏နာမည်မှာဟေဗြဲဘာသာ စကားအားဖြင့် အဗန္ဒုန်ဟူ၍လည်းကောင်း၊ ဂရိဘာသာအားဖြင့်အပေါလျုန်ဟူ၍လည်း ကောင်းဖြစ်၏။ (အပေါလျုန်၏အနက်မှာ``ဖျက် ဆီးသူ'' ဟူ၍ဖြစ်သတည်း။)