ဗျာဒိတ်ကျမ်း 16:15
``ငါသည်သူခိုးလာသကဲ့သို့အမှတ်မထင် လာမည်။ သို့ဖြစ်၍အဝတ်အချည်းစည်းနှင့် သွားလာ၍လူတို့၏ရှေ့၌အရှက်မရစေ ရန်နိုးလျက်နေ၍ မိမိ၏အဝတ်များကို သတိနှင့်စောင့်ကြပ်သောသူသည်မင်္ဂလာရှိ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 32:25ဣသရေလအမျိုးသားတို့သည်၊ ပတ်ဝန်း ကျင်၌ရန်သူများကဲ့ရဲ့စရာဖြစ်လျက်၊ အာရုန်၏အားပေးမှုဖြင့်စည်းကမ်းမဲ့ ကခုန်မြူးထူးနေသည်ကို၊ မောရှေမြင်ရ၏။-
Ezekiel 16:37ဤအကြောင်းကြောင့်ငါသည်သင်နှစ်သက် သောသင်၏ချစ်သူများကိုစုဝေးစေပြီး နောက် သင်ချစ်သူမုန်းသူအားလုံးကိုစု ဝေးစေပြီးလျှင်သင့်အားဝန်းရံ၍နေစေ မည်။ ထိုနောက်သင်၏အဝတ်များကိုချွတ် ၍ သင်အဝတ်အချည်းစည်းဖြစ်နေပုံ ကိုပြမည်။-
Habakkuk 2:15သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည်% အမျက်ထွက်သဖြင့် မိမိတို့အိမ်နီးချင်းတိုင်း% ပြည်များကိုရှုတ်ချ၍အသရေဖျက်ခဲ့၏။ % သူတို့အားသေသောက်ကြူးများသဖွယ်ယိမ်း% ထိုး၍နေစေခဲ့၏။-%
Matthew 25:13``သို့ဖြစ်၍သင်တို့သည်လည်းထိုနေ့ထိုအချိန် ကိုမသိကြသဖြင့်သတိနှင့်စောင့်နေကြလော့။
Mark 13:33ထိုနေ့ရက်ကာလသည်အဘယ်အခါကျရောက် မည်ကို သင်တို့မသိကြသဖြင့်သတိနှင့်စောင့် နေကြလော့။ နိုးနိုးကြားကြားရှိကြလော့။-
Luke 12:37အစေခံတို့စောင့်မျှော်နေကြသည်ကို သခင် ပြန်ရောက်ချိန်၌တွေ့ရှိရ၏။ ထိုအစေခံတို့ သည်မင်္ဂလာရှိကြ၏။ သင်တို့အားအမှန် အကန်ငါဆိုသည်ကား သခင်သည်ထို အစေခံတို့ကိုဧည့်သည်များအဖြစ်စား ပွဲတွင်ထိုင်စေလျက် မိမိကိုယ်တိုင်ခါးကို စည်းကာဧည့်ခံကျွေးမွေးလိမ့်မည်။-