ရောမဩဝါဒစာ 12:2
သင်တို့သည်လောကီစံနှုန်းကိုလိုက်၍မကျင့် ကြနှင့်။ သင်တို့သည်မိမိတို့၏စိတ်နှလုံးကို ဘုရားသခင်လုံးဝပြောင်းလဲစေသောအား ဖြင့် စိတ်သဘောသစ်ကိုခံယူလျက်ပုံသဏ္ဌာန် ပြောင်းလဲကြလော့။ သို့ပြုလျှင်ကောင်းမြတ် သောအရာ၊ ကိုယ်တော်နှစ်သက်ဖွယ်သောအရာ၊ အပြစ်ဆိုဖွယ်မရှိသောအရာတည်းဟူသော ဘုရားသခင်အလိုရှိတော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုသင်တို့သိ ရှိကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 18:29ထိုသို့သောစက်ဆုပ်ဖွယ်ရာအကျင့်ကိုပြု ကျင့်သူသည်ဘုရားသခင်၏လူမျိုးတော် မှပယ်ထုတ်ခြင်းခံရမည်။
Psalms 19:7ထာဝရဘုရား၏တရားတော်သည်ပြီးပြည့် စုံလင်အောင်ကောင်းမြတ်သည်ဖြစ်၍စိတ်ဝိညာဉ် ကို ပြန်လည်သစ်လွင်လန်းဆန်းစေတတ်၏။ ဘုရားသခင်၏သွန်သင်တော်မူချက်တို့သည် အားကိုးအားထားထိုက်သည်ဖြစ်၍ မလိမ္မာသူတို့ကိုလိမ္မာစေတတ်၏။
Psalms 51:10အို ဘုရားသခင်၊ ကျွန်တော်မျိုး၏စိတ်နှလုံးကိုသန့်ရှင်း ဖြူစင်အောင် ပြုပြင်တော်မူပါ။ ကြံ့ခိုင်တည်ကြည်သောစိတ်သဘောသစ်ကို ပေးတော်မူပါ။
Psalms 119:72ကိုယ်တော်ရှင်ပေးတော်မူသောတရားတော်သည် ကွန်တော်မျိုးအတွက်လောကရေ"ငွေ ရှိသမှထက်ပို၍အဖိုးထိုက်ပါ၏။
Psalms 119:103ဆုံးမသွန်သင်တော်မူခက်တို့သည်ကွန်တော်မျိုး၏ ခံတွင်း၌လွန်စွာချိုပါ၏။ ပားရည်ထက်ပင်ချိုပါ၏။
Psalms 119:174အို ထာဝရဘုရား" ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ကယ်တင်တော်မူခြင်းကေးဇူးကို တောင့်တပါ၏။ ကိုယ်တော်ရှင်၏တရားတော်သည် ကွန်တော်မျိုးအားပော်ရ"င်စေပါ၏။