ရောမဩဝါဒစာ 4:17
``ငါသည်သင့်အားလူမျိုးအမြောက်အမြားတို့ ၏အဖဖြစ်စေပြီ'' ဟုကျမ်းစာတော်တွင်ဖော်ပြ သည်နှင့်အညီဖြစ်သည်။ သို့ဖြစ်၍ဘုရားသခင် ၏ရှေ့တော်၌ထိုကတိတော်တည်ရ၏။ ဘုရား သခင်သည်အာဗြဟံယုံကြည်သောဘုရား၊ သူ သေတို့ကိုအသက်ရှင်စေသောဘုရား၊ ယခင် ကမဖြစ်ဘူးသည့်အရာများကိုဖြစ်ပေါ် စေရန်အမိန့်ပေးတော်မူသောဘုရားဖြစ် တော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 17:4``သင်နှင့်ငါပြုမည့်ပဋိညာဉ်မှာဤသို့ဖြစ် ၏။ သင့်အားလူများစွာတို့၏ဖခင်ဖြစ်စေမည်။-
Genesis 17:20ဣရှမေလအတွက်သင်၏လိုအင်ဆန္ဒကိုလည်း ငါကြားရပြီ။ ထို့ကြောင့်ငါသည်သူ့ကိုကောင်း ချီးပေး၍ သူ၌သားသမီးများစွာထွန်းကား စေမည်။ သူ၏အဆက်အနွယ်တို့ကိုများပြား စေမည်။ သူသည်မင်းသားတစ်ဆယ့်နှစ်ပါးတို့ ၏ဖခင်ဖြစ်လိမ့်မည်။ သူ၏အဆက်အနွယ်တို့ ကိုလူမျိုးကြီးဖြစ်စေမည်။-
Genesis 28:3အနန္တတန်ခိုးရှင်ဘုရားသခင်သည်သင့်ကို ကောင်းချီးပေး၍သားသမီးများစွာထွန်း ကားစေသဖြင့် သင်သည်လူမျိုးများစွာတို့ ၏ဖခင်ဖြစ်ပါစေသော။-
Isaiah 44:7ငါပြုခဲ့သည့်အမှုတို့ကိုပြုနိုင်၍ကပ် ကာလအစမှ အဆုံးတိုင်အောင်ဖြစ်ပျက်မည့်အမှုအရာ မှန်သမျှကို ပြတ်သားစွာကြိုတင်ဖော်ပြနိုင်သူတစ်စုံ တစ်ယောက် ရှိပါသလော'' ဟုမိန့်တော်မူ၏။
Isaiah 49:12ငါ၏လူမျိုးတော်သည်ရပ်ဝေးဒေသများမှ လည်းကောင်း၊ မြောက်အရပ်နှင့်အနောက်အရပ်မှလည်းကောင်း၊ တောင်အရပ်ရှိသိနိမ်ပြည်မှလည်းကောင်း လာရောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Matthew 3:9အာဗြဟံသည်ငါတို့၏အဖဖြစ်သည်ဟူ၍ ပြောဆိုရုံမျှဖြင့် သင်တို့သည်အပြစ်မှလွတ်ငြိမ်း ခွင့်ကိုရရှိလိမ့်မည်ဟုမထင်ကြနှင့်။ ဘုရားသခင် သည်ဤကျောက်ခဲများမှ အာဗြဟံ၏သားများ ကိုဖန်ဆင်းတော်မူနိုင်သည်ဟုသင်တို့အား ငါဆို၏။-