ရောမဩဝါဒစာ 9:19
``ထိုသို့ဖြစ်ပါမူဘုရားသခင်သည်လူတို့ ကိုအဘယ်သို့လျှင်အပြစ်တင်နိုင်ပါမည်နည်း။ အဘယ်သူသည်ကိုယ်တော်၏အလိုတော်ကို ဆန့်ကျင်ဘက်ပြုနိုင်ပါမည်နည်း'' ဟူ၍မေး မြန်းလိုသူရှိလိမ့်မည်။-
Common Language Bible
In The King James Version
Thou wilt say then unto me, Why doth he yet find fault? For who hath resisted his will?
In Context
Cross References
2 Chronicles 20:6``အို အကျွန်ုပ်တို့ဘိုးဘေးများ၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်ကောင်းကင်ဘုံ တွင်စံတော်မူ၍ ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ ကိုအုပ်စိုးတော်မူပါ၏။ ကိုယ်တော်သည်တန်ခိုး အာနုဘော်ပြည့်စုံတော်မူသဖြင့်အဘယ် သူမျှကိုယ်တော်အားအတိုက်အခံမပြု နိုင်ပါ။-
Job 9:19တန်ခိုးကိုအမှီပြုမည်ဆိုသော်၊ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ တရားကိုအမှီပြုမည်ဆိုပြန် သော်၊ အဘယ်သူသည် ငါ့ဘက်၌ သက်သေခံမည်နည်း။
Psalms 76:10လူတို့၏ဒေါသသည်ကိုယ်တော်ရှင်အားပို၍ ထောမနာပြုခြင်းအကျိုးကိုဖြစ်ပေါ်စေပါ လိမ့်မည်။ စစ်ပွဲတွင်မသေဘဲအသက်ရှင်ကျန်ရစ်သူတို့သည် ကိုယ်တော်၏ပွဲတော်များကိုစောင့်ထိန်း ကြပါလိမ့်မည်။
Isaiah 46:10ငါသည်အစအဦးမှတင်ကူး၍နိဂုံးကို ဖော်ပြခဲ့၏။ ဖြစ်ပျက်မည့်အမှုအရာကိုရှေးကာလမှပင်လျှင် ကြိုတင်ဟောကြားခဲ့၏။ ငါ၏အကြံအစည်များသည်အဘယ်အခါ ၌မျှ ပျက်ပြားရလိမ့်မည်မဟုတ်ဟု ငါဆိုခဲ့သည့်အတိုင်း၊ငါရည်ရွယ်ထားသည့် အမှုအရာမှန်သမျှကိုငါပြုမည်။
Mark 14:21ကျမ်းစာလာသည်အတိုင်းလူသားသည်အသေခံ ရမည်။ သို့ရာတွင်လူသားအားရန်သူ့လက်သို့ အပ်သူသည်အမင်္ဂလာရှိ၏။ မွေးဖွားခြင်းကို မခံရလျှင်သူ့အဖို့သာ၍ကောင်းသေး၏'' ဟု မိန့်တော်မူ၏။
Acts 4:27ထိုနည်းတူစွာဟေရုဒ်မင်းနှင့်ပုန္တိပိလတ် မင်းတို့သည် လူမျိုးခြားများ၊ ဣသရေလ အမျိုးသားများနှင့်တကွ ကိုယ်တော်၏သန့်ရှင်း မြင့်မြတ်သောအစေခံဖြစ်သူ၊ မေရှိယအဖြစ် ကိုယ်တော်ဘိသိက်ပေးသူ သခင်ယေရှုကို ဆန့်ကျင်ဘက်ပြုရန်ဤမြို့ထဲတွင်စုဝေး ခဲ့ကြပါ၏။-