ရောမဩဝါဒစာ 9:18
သို့ဖြစ်၍ကိုယ်တော်သည်မိမိသနားလိုသူကို သနားတော်မူ၍ မိမိခေါင်းမာစေလိုသူကို ခေါင်းမာစေတော်မူ၏။
Common Language Bible
In The King James Version
Therefore hath he mercy on whom he will have mercy, and whom he will he hardeneth.
In Context
Cross References
Exodus 7:13ဘုရင်သည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲခေါင်းမာလျက်နေလေ၏။
Deuteronomy 2:30``သို့သော်လည်းရှိဟုန်ဘုရင်သည် ငါတို့အား သူ၏ပြည်ကိုဖြတ်သန်းခွင့်မပေး။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ထိုမင်း ကိုခေါင်းမာစေတော်မူသဖြင့် ငါတို့သည်သူ့ ကိုတိုက်ခိုက်အောင်မြင်၍ သူ၏ပြည်ကိုသိမ်း ပိုက်ကာယနေ့တိုင်နေထိုင်လျက်ရှိကြသည်။''
Isaiah 63:17ကျွန်တော်မျိုးတို့အားအဘယ်ကြောင့်ကိုယ်တော် ရှင်၏တရားလမ်းမှလွှဲရှောင်သွားစေတော်မူ ပါသနည်း၊ အဘယ်ကြောင့်ကျွန်တော်မျိုးတို့ အားခေါင်းမာစေလျက် ကိုယ်တော်ရှင်ထံမှရှောင် လွှဲစေပါသနည်း။ ကိုယ်တော်ရှင်အားကိုးကွယ် သူတို့ကိုထောက်ထားသဖြင့်လည်းကောင်း၊ ကိုယ်တော်ရှင်ထာဝစဉ်ပိုင်သတော်မူသည့် လူမျိုးတော်အားထောက်ထားသဖြင့်လည်း ကောင်း ပြန်လည်ကြွလာတော်မူပါ။
Acts 28:26`ဤလူမျိုးထံသို့သွား၍ပြောကြားလော့။ သင်တို့သည်ကြိုးစား၍နားထောင်သော်လည်း နားလည်လိမ့်မည်မဟုတ်။ ကြိုးစား၍ကြည့်သော်လည်းမြင်လိမ့်မည်မဟုတ်။
Romans 5:20အပြစ်ဒုစရိုက်များပြားလာစေရန်ပညတ် တရားကိုချမှတ်ခဲ့၏။ သို့ရာတွင်အပြစ် ဒုစရိုက်များပြားလာသောအခါကျေးဇူး တော်သည်ပို၍များပြားလာ၏။-
Romans 11:7ထို့ကြောင့်အဘယ်သို့ပြောရမည်နည်း။ ဣသရေလ အမျိုးသားတို့သည်မိမိတို့ရှာသောအရာကို မတွေ့ကြကြောင်းထင်ရှားနေသည်။ ထိုအရာကို တွေ့ရှိကြသူများမှာဘုရားသခင်ရွေးကောက် တော်မူသောလူနည်းစုပင်ဖြစ်ပေသည်။ ကျန် သောသူတို့သည်ကားဘုရားသခင်၏ဖိတ် ခေါ်တော်မူသံကိုမကြားကြ။-