1 ရုသဝတ္ထု 2:3
သို့ဖြစ်၍ရုသသည်လယ်ကွင်းများသို့သွား ပြီးလျှင် ကောက်ရိတ်သမားများ၏နောက်မှ လိုက်၍ သူတို့ချန်ထားခဲ့သည့်ကောက်သင်း ကိုကောက်၏။ သူသွားရောက်မိသည့်လယ်ကွင်း မှာဗောဇပိုင်သောလယ်ကွင်းဖြစ်နေသည်။
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 1:6ထိုသူငယ်က``ကျွန်တော်သည်ဂိလဗောတောင် ပေါ်တွင်ရှိနေခိုက်နှင့်ကြုံသဖြင့် ရှောလုမင်း သည်မိမိ၏လှံကိုမှီလျက်နေသည်ကိုလည်း ကောင်း၊ ရန်သူ၏စစ်ရထားများနှင့်မြင်းစီး သူရဲတို့သည်သူ၏အနီးသို့ချဉ်းကပ် လာကြသည်ကိုလည်းကောင်းမြင်ပါ၏။-
2 Kings 8:5သို့ဖြစ်၍ဂေဟာဇိသည်သေသူအား အဘယ်သို့ ဧလိရှဲရှင်ပြန်စေကြောင်းကိုသံတော်ဦးတင် လျက်နေ၏။ ထိုအချိန်၌ရှုနင်မြို့သူသည်ရောက် ရှိလာ၍ မင်းကြီးအားအသနားခံခြင်းဖြစ်၏။ ဂေဟာဇိကမင်းကြီးအား``အရှင်မင်းကြီး၊ ဧလိရှဲအသက်ရှင်ပြန်စေသောသူငယ်နှင့် မိခင်မှာဤသူတို့ပင်ဖြစ်ကြပါ၏'' ဟု လျှောက်၏။-
Matthew 10:29စာကလေးနှစ်ကောင်ကိုအဿရိတစ်ပြားဖြင့်ဝယ် နိုင်သည်မဟုတ်လော။ သို့ရာတွင်ထိုစာကလေး တစ်ကောင်မျှသင်တို့အဖအခွင့်မပြုဘဲမသေ မပျောက်ရ။-
1 Thessalonians 4:11သင်တို့သည်ယခင်ကငါတို့ညွှန်ကြားခဲ့သည့် အတိုင်းငြိမ်ဝပ်စွာနေထိုင်ရန်လည်းကောင်း၊ ကိုယ့် အရေးကိစ္စကိုဂရုစိုက်ရန်လည်းကောင်း၊ ကိုယ့် လက်ဖြင့်လုပ်ကိုင်ရန်လည်းကောင်းကြိုးစား အားထုတ်ကြလော့။-