ဇာခရိအနာဂတ္တိကျမ်း 7:13
ငါ၏မိန့်တော်မူချက်ကိုသူတို့သည်နား မထောင်သောကြောင့် သူတို့၏ဆုတောင်းသံ ကိုအနန္တတန်ခိုးရှင်ငါထာဝရဘုရား နားညောင်းတော်မမူ။-
Common Language Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 7
Cross References
Proverbs 1:24ငါသည်ခေါ်၍ သင်တို့သည် ငြင်းပယ်သော ကြောင့်၎င်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှမမှတ်သော ကြောင့်၎င်း၊
Proverbs 28:9တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်း သော်လည်း၊ သူ၏ပဌနာစကားသည် စက်ဆုပ်ရွံရှာဘွယ် ဖြစ်၏။
Isaiah 50:2``ငါသည်မိမိ၏လူမျိုးတော်အားကယ်ရန် လာစဉ်အခါက၊ အဘယ်ကြောင့်သူတို့သည်ငါ့အားတုံ့ပြန် ဖြေကြားမှုမပြုကြပါသနည်း။ ငါခေါ်သောအခါအဘယ်ကြောင့်မထူးကြ ပါသနည်း။ ငါသည်သူတို့ကိုကယ်နိုင်စွမ်းမရှိအောင်ပင် အားအင်ချည့်နဲ့၍နေပါသလော။ ပင်လယ်ကိုအမိန့်ပေး၍ငါခန်းခြောက်စေနိုင်၏။ မြစ်များကိုသဲကန္တာရအဖြစ်သို့ပြောင်းလဲစေနိုင်၏။ ထိုမြစ်တို့တွင်ရေမရှိသဖြင့်ငါးများ သေကြကုန်၏။
Jeremiah 11:11ထို့ကြောင့်သူတို့အပေါ်သို့ငါသက်ရောက် စေမည့်ဘေးအန္တရာယ်ဆိုးမှသူတို့သည် လွတ်မြောက်ကြလိမ့်မည်မဟုတ်ကြောင်း ငါထာဝရဘုရားသတိပေး၏။ ကူမ တော်မူရန်သူတို့ဟစ်အော်ကြသောအခါ ၌လည်းငါနားထောင်လိမ့်မည်မဟုတ်။-
Ezekiel 14:3ကိုယ်တော်က``အချင်းလူသားဤသူတို့ သည်ရုပ်တုများကိုစွဲလမ်းသောစိတ်ရှိ ၍ မိမိရှေ့တွင်ထိမိ၍လဲစရာဖြစ်စေ ကြကုန်ပြီ။ သူတို့သည်အဖြေကိုငါ့ထံ မှရလိမ့်မည်ဟုထင်မှတ်ကြသလော။
Micah 3:4သင်တို့သည်ထာဝရဘုရားအားအော်ဟစ် တောင်းလျှောက်ရသောအချိန်ရောက်လာလိမ့် မည်။ ထိုအခါကိုယ်တော်သည်သင်တို့ကို နားညောင်းတော်မူမည်မဟုတ်။ သင်တို့သည် မကောင်းမှုကိုပြုသောကြောင့်ကိုယ်တော်သည် သင်တို့၏တောင်းလျှောက်သံကိုနားညောင်း တော်မူမည်မဟုတ်။