The Bible Software
bible.software › ဇေဖနိအနာဂတ္တိကျမ်း › ဇေဖနိအနာဂတ္တိကျမ်း 3 › ဇေဖနိအနာဂတ္တိကျမ်း 3:12

ဇေဖနိအနာဂတ္တိကျမ်း 3:12

စိတ်​နှ​လုံး​နှိမ့်​ချ​နူး​ညံ့​သိမ်​မွေ့​သည့်​လူ​စု ကို​ထို​အ​ရပ်​တွင်​ငါ​ချန်​ထား​မည်။ သူ​တို့ သည်​လည်း​ငါ့​ထံ​သို့​လာ​ရောက်​ခို​လှုံ​ကြ လိမ့်​မည်။-

Common Language Bible

In The King James Version

I will also leave in the midst of thee an afflicted and poor people, and they shall trust in the name of the LORD.

In Context

11အို ငါ​၏​လူ​မျိုး​တော်၊ ထို​အ​ခါ​သင်​တို့ သည်​ငါ့​ကို​ပုန်​ကန်​ခဲ့​သည့်​အ​တွက်​ရှက် ကြောက်​နေ​ရန်​လို​တော့​မည်​မ​ဟုတ်။ ငါ သည်​မာ​န​ကြီး​သူ​မောက်​မာ​ထောင်​လွှား သူ​မှန်​သ​မျှ​ကို​ပယ်​ရှင်း​မည်​ဖြစ်​၍ သင် တို့​သည်​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌ မျှ​ယေ​ရု​ရှ​လင်​မြို့​ရှိ ငါ​၏​သန့်​ရှင်း​မြင့် မြတ်​သည့်​တောင်​တော်​ပေါ်​တွင်​ငါ့​ကို​ပုန် ကန်​ကြ​တော့​မည်​မ​ဟုတ်။-

13အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သည့်​ဣ​သ ရေ​လ​ပြည်​သား​တို့​သည်​အ​ဘယ်​သူ​ကို မျှ​ပြစ်​မှား​ကြ​လိမ့်​မည်​မ​ဟုတ်။ မု​သား စ​ကား​ပြော​ဆို​မှု​ကို​သော်​လည်း​ကောင်း၊ လိမ်​လည်​လှည့်​စား​ရန်​ကြိုး​စား​မှု​ကို​သော် လည်း​ကောင်း​ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ တို့​သည်​ကောင်း​စား​ကြ​လိမ့်​မည်။ အ​ဘယ် သူ​ကို​မျှ​မ​ကြောက်​မ​လန့်​ရ​ဘဲ ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

Read all of ဇေဖနိအနာဂတ္တိကျမ်း 3

Cross References

Ezra 9:8အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​က​ရု​ဏာ​ထား တော်​မူ​သ​ဖြင့် လူ​မျိုး​ခြား​တို့​၏​လက်​မှ​လွတ် မြောက်​စေ​၍ ယ​ခု​အ​ခါ​သန့်​ရှင်း​မြင့်​မြတ်​သည့် ဌာ​န​တော်​တွင် ကာ​လ​အ​နည်း​ငယ်​မျှ​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ ပြီ။ ကိုယ်​တော်​သည်​ကျွန်ုပ်​တို့​အား ကျွန်​ဘ​ဝ​မှ လွတ်​မြောက်​စေ​၍​ဘ​ဝ​သစ်​ကို​ပေး​တော်​မူ ပါ​ပြီ။-

Isaiah 6:13အ​ကယ်​၍​ထို​ပြည်​တွင်​လူ​ဦး​ရေ​ဆယ်​ရာ​နှုန်း​မျှ​သာ​ကျန်​ရစ်​မည်​ဆို​လျှင်​လည်း ထို​သူ​တို့​သည်​ဆုံး​ပါး​ပျက်​စီး​ရ​ကြ​မည်​သာ​ဖြစ်​၏။ ထို​သူ​တို့​သည်​ခုတ်​လှဲ​လိုက်​သည့်​ဝက်​သစ်​ချ​ပင်​တို့​၏​ငုတ်​တို​များ​နှင့်​တူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ (သစ်​ငုတ်​တို​များ​သည်​ဘု​ရား​သ​ခင်​လူ​မျိုး​တော်​၏​ဘ​ဝ​သစ်​အ​စ​ပျိုး​မှု​ကို​ဖော်​ပြ​သည်။)

Isaiah 29:19ဆင်း​ရဲ​သူ​များ​နှင့်​နှိမ့်​ချ​သော​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​မြင့်​မြတ် သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သော ရွှင်​လန်း​ဝမ်း​မြောက်​မှု​ကို​တစ် ဖန်​ပြန်​၍​ရ​ရှိ​ကြ​လိမ့်​မည်။-

Isaiah 61:1ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​ကို​တန်​ခိုး​နှင့်​ပြည့်​ဝ​စေ​တော်​မူ​ပြီ။ ဆင်း​ရဲ​သူ​တို့​အ​တွက်​သ​တင်း​ကောင်း​ကို ယူ​ဆောင်​ကာ၊စိတ်​နှ​လုံး​ကြေ​ကွဲ​သူ​တို့​၏ အ​နာ ရော​ဂါ​ကို​ပျောက်​ကင်း​စေ​၍၊ ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​များ​နှင့်​အ​ချုပ်​အ​နှောင်​ခံ​ရ သူ​တို့​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ကို​ကြေ​ညာ​ရန်၊ ကိုယ်​တော်​သည်​ငါ့​ကို​ရွေး​ချယ်​စေ​လွှတ်​တော် မူ​လေ​ပြီ။

Jeremiah 50:20ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ငါ​သည်​မိ​မိ​အ​သက်​ရှင်​ခွင့်​ပေး​ထား​သူ​တို့ ၏​အ​ပြစ်​များ​ကို​ဖြေ​လွတ်​ဖြေ​ရှင်း​မည်​ဖြစ် ၍ ဣသ​ရေ​လ​ပြည်​တွင်​အ​ပြစ်​ဒု​စ​ရိုက်​တစ် စုံ​တစ်​ခု​မျှ​တွေ့​ရှိ​ရ​လိမ့်​မည်​မ​ဟုတ်။ ယု​ဒ ပြည်​တွင်​လည်း​ဆိုး​ညစ်​မှု​တစ်​စုံ​တစ်​ရာ​မျှ တွေ့​ရှိ​ရ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။

Micah 5:6သူ​တို့​သည်​လက်​နက်​အင်​အား​ဖြင့်​အာ​ရှု​ရိ ပြည်၊ နိမ်​ရော​ဋ္ဌ​ပြည်​ကို​တိုက်​ခိုက်​အောင်​မြင် ကြ​လိမ့်​မည်။ အာ​ရှု​ရိ​အ​မျိုး​သား​များ​က ငါ​တို့​၏​နယ်​မြေ​ကို​ဝင်​ရောက်​တိုက်​ခိုက်​သော အ​ခါ ထို​ခေါင်း​ဆောင်​များ​သည်​ငါ​တို့ အား​ရန်​သူ​၏​လက်​မှ​ကယ်​တင်​လိမ့်​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဇေဖနိအနာဂတ္တိကျမ်း 3:12

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဇေဖနိအနာဂတ္တိကျမ်း 3:11ဇေဖနိအနာဂတ္တိကျမ်း 3ဇေဖနိအနာဂတ္တိကျမ်း 3:13 →