ဇေဖနိအနာဂတ္တိကျမ်း 3:13
အသက်မသေဘဲကျန်ရှိနေသည့်ဣသ ရေလပြည်သားတို့သည်အဘယ်သူကို မျှပြစ်မှားကြလိမ့်မည်မဟုတ်။ မုသား စကားပြောဆိုမှုကိုသော်လည်းကောင်း၊ လိမ်လည်လှည့်စားရန်ကြိုးစားမှုကိုသော် လည်းကောင်းပြုကြလိမ့်မည်မဟုတ်။ သူ တို့သည်ကောင်းစားကြလိမ့်မည်။ အဘယ် သူကိုမျှမကြောက်မလန့်ရဘဲ ဘေးမဲ့ လုံခြုံစွာနေရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
Common Language Bible
In The King James Version
In Context
Read all of ဇေဖနိအနာဂတ္တိကျမ်း 3
Cross References
2 Chronicles 20:30သို့ဖြစ်၍ယောရှဖတ်သည်ငြိမ်းချမ်းစွာနန်းစံ တော်မူရ၏။ ဘုရားသခင်သည်သူ၏နိုင်ငံ အရပ်ရပ်တွင်လုံခြုံမှုရှိစေတော်မူ၏။
Psalms 119:3ထိုသူတို့သည်ဒုစရိုက်ကိုမပြုမကင့်ဘဲ ထာဝရဘုရား၏တရားလမ်းအတိုင်း လိုက်လှောက်တတ်ကြ၏။
Isaiah 10:20အသက်မသေဘဲကျန်ရှိနေကြသည့်ဣသ ရေလပြည်သူတို့သည် မိမိတို့အားလုံးနည်း ပါးသုတ်သင်ဖျက်ဆီးခဲ့သည့်လူမျိုးကို အား မကိုးတော့မည့်အချိန်ကာလကျရောက်လာ လိမ့်မည်။ သူတို့သည်ဣသရေလအမျိုးသား တို့၏သန့်ရှင်းမြင့်မြတ်တော်မူသော ဘုရားသခင်ထာဝရဘုရားကိုအမှန်တကယ် ယုံကြည်ကိုးစားကြလိမ့်မည်။-
Isaiah 17:2ရှုရိမြို့များသည်လည်းထာဝစဉ်လူသူ ဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။ ထိုမြို့တို့သည်သိုး များနှင့်ကျွဲနွားများ၏စားကျက်ဖြစ်လိမ့် မည်။ ထိုတိရစ္ဆာန်တို့အားမောင်းထုတ်မည့်သူ ရှိလိမ့်မည်မဟုတ်။-
Isaiah 54:14သင်သည်သူတော်ကောင်းတရားတွင်အခြေခံ သဖြင့် တည်တံ့ခိုင်မြဲလိမ့်မည်။ နှိပ်စက်ညှင်းဆဲမှု၊ထိတ်လန့်တုန်လှုပ်မှုတို့နှင့် ကင်းဝေးရလိမ့်မည်။
Isaiah 63:8ထာဝရဘုရားက``သူတို့သည်ငါ၏လူမျိုး တော်ဖြစ်၍ငါ့အားလိမ်လည်လှည့်စားကြလိမ့် မည်မဟုတ်'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ် တော်သည်သူတို့ခံစားရသည့်ဒုက္ခဆင်းရဲ အပေါင်းမှကယ်တင်တော်မူ၏။-