2 ရာဇဝင်ချုပ်ပထမစောင် 18:13
ဧဒုံ ပြည်၌ မြို့စောင့်တပ် တို့ကို ထား ၍ ၊ ဧဒုံ ပြည်သား အပေါင်း တို့သည် ဒါဝိဒ် ၌ ကျွန် ခံကြ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား သည် စောင့်မ တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
12ထိုမှတပါး ၊ ဇေရုယာ သား အဘိရှဲ သည် ဆားချိုင့် တွင် ဧဒုံ လူတသောင်း ရှစ်ထောင်တို့ကို လုပ်ကြံ လေ၏။
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 18
Cross References
Genesis 27:29သူ တပါးတို့သည် သင် ၌ကျွန် ခံ၍ ၊ အပြည်ပြည်တို့သည် သင့် ရှေ့ မှာ ဦးညွှတ် ကြရစေသတည်း။ သင်သည် သင် ၏ညီအစ်ကို တို့၌ အရှင် ဖြစ်၍ ၊ သင့် အမိ သား တို့သည် သင့် ရှေ့ မှာ ဦးညွှတ် ရကြစေသတည်း။ သင့် ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိန်ဆဲ ခြင်းကိုခံရကြစေ သတည်း။ သင့် ကို ကောင်းကြီး ပေးသောသူအပေါင်းတို့ သည် ကောင်းကြီး ကိုခံရကြစေသတည်းဟု ကောင်းကြီးပေးလေ၏။
Genesis 27:40ထား ဖြင့် အသက် ကိုမွေးရလိမ့်မည်။ ညီ ၌ ကျွန် ခံရလိမ့်မည်။ နောက် တဖန် အစိုးရ သောအခါ ၊ သူ တင် သောထမ်းဘိုး ကို သင် ၏လည်ပင်း မှ ချိုး ပယ်လိမ့်မည်ဟု ပြန် ၍ဆိုလေ၏။
1 Samuel 10:5ထိုနောက်မှ ဖိလိတ္တိ တပ်ရှိရာ ဘုရား သခင်၏ တောင် သို့ ရောက် ၍ မြို့ သို့ ချဉ်းကပ် သောအခါ ၊ ပရောဖက် အပေါင်း အသင်းသည် တယော ၊ ပတ်သာ ၊ ပုလွေ ၊ စောင်း ပါလျက် ပရောဖက် ပြုလျက်၊ မြင့် သောအရပ်မှ ဆင်း လာကြသည်ကို တွေ့ လိမ့်မည်။
1 Samuel 14:1တနေ့သ၌ရှောလု ၏ သား ယောနသန် သည် ခမည်းတော် ထံ၌ အခွင့် မ ပန်ဘဲ၊ လက်နက် ဆောင် လုလင် ကို ခေါ်၍၊ တစ်ဘက် ၌ နေသော ဖိလိတ္တိ တပ် သို့ သွား ကြကုန်အံ့ဟု ဆို လေ၏။
2 Samuel 7:14ငါ သည် သူ ၏အဘ ဖြစ် မည်။ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်။ သူသည် ဒုစရိုက် ကိုပြုလျှင် လူ သုံးတတ်သော ကြိမ်လုံး နှင့် ငါဆုံးမ မည်။ လူ သား ရိုက် တတ်သကဲ့သို့ ငါရိုက်မည်။
1 Chronicles 18:6ရှုရိ ပြည်ဒမာသက်မြို့၌ မြို့စောင့်တပ်ကို ထား သဖြင့် ၊ ရှုရိ လူတို့သည်ဒါဝိဒ် ၌ ကျွန် ခံ၍ အခွန် ဆက် ရကြ ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား သည် စောင့်မ တော်မူ၏။