The Bible Software
2 ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

2 ရာဇဝင်ချုပ်ပထမစောင် 18

1ထိုနောက် ဒါဝိဒ် သည် ဖိလိတ္တိ လူတို့ကို လုပ်ကြံ ၍ အောင်မြင်သဖြင့်၊ ဂါသ မြို့နှင့် ကျေးလက် များကို သိမ်းယူ လေ၏။

2မောဘ ပြည်ကိုလည်း လုပ်ကြံ ၍ မောဘ အမျိုးသားတို့သည် ဒါဝိဒ် ၌ ကျွန် ခံလျက်အခွန် ဆက် ရကြ၏။

3ဇောဘ မင်းကြီး ဟာဒဒေဇာ သည်၊ ဥဖရတ် မြစ် နား မှာ မိမိ နိုင်ငံ ကို တည် စေခြင်းငှါ သွား သောအခါ ၊ ဒါဝိဒ် သည် ဟာမတ် မြို့တိုင်အောင် တိုက်ဖျက် ၍၊

4ရထား တထောင် ၊ မြင်းစီး သူရဲခုနစ် ထောင် ၊ ခြေသည် သူရဲနှစ် သောင်းကို ဘမ်းဆီး ၍ ရထား တရာ ကို သိမ်းထား ပြီးမှအခြားသော မြင်း ရထားရှိသမျှ တို့ကို ဖျက်ဆီး လေ၏။

5ဒမာသက် မြို့နေ ရှုရိလူတို့သည် ဇောဘ မင်းကြီး ဟာဒဒေဇာ ကို စစ်ကူ သောအခါ ၊ ဒါဝိဒ် သည် ရှုရိ လူ နှစ်သောင်း နှစ်ထောင်တို့ကိုသတ် ပြီးမှ၊

6ရှုရိ ပြည်ဒမာသက်မြို့၌ မြို့စောင့်တပ်ကို ထား သဖြင့် ၊ ရှုရိ လူတို့သည်ဒါဝိဒ် ၌ ကျွန် ခံ၍ အခွန် ဆက် ရကြ ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား သည် စောင့်မ တော်မူ၏။

7ဟာဒဒေဇာ ၏ကျွန် တို့ စွဲကိုင်သော ရွှေ ဒိုင်း လွှားများကို ဒါဝိဒ် သည်သိမ်း ၍ ယေရုရှလင် မြို့သို့ ဆောင် သွား၏။

8ဟာဒဒေဇာ အစိုးရသောတိဗဟတ် မြို့နှင့် ခုန် မြို့မှ ၊ ဒါဝိဒ် သည် များစွာ သော ကြေးဝါ ကို သိမ်းသွား ၏။ ရှောလမုန် သည် ကြေးဝါ ရေကန် ၊ ကြေးဝါတိုင် ၊ ကြေးဝါ တန်ဆာ များကို ထိုကြေးဝါဖြင့် လုပ် သတည်း။

9ဇောဘ မင်းကြီး ဟာဒဒေဇာ ၏ တပ် အလုံးအရင်း ကို ဒါဝိဒ် လုပ်ကြံ ကြောင်း ကိုဟာမတ် မင်းကြီး တောဣ သည်ကြား လျှင်၊

10မိမိရန်သူဟာဒဒေဇာ ကို ဒါဝိဒ်သည် စစ်တိုက် ၍ လုပ်ကြံ သောကြောင့် ၊ မိဿဟာယ ဖွဲ့၍ ကောင်းကြီး ပေး စေခြင်းငှါ မိမိ သား ဟဒေါရံ ကို ဒါဝိဒ် မင်းကြီး ထံသို့ စေလွှတ် ၍ ၊ ဟဒေါရံသည် ရွှေ ဖလား၊ ငွေ ဖလား၊ ကြေးဝါ ဖလားအမျိုးမျိုး တို့ကို ဆောင်ခဲ့လေ၏။

11ထိုဖလားတို့ကို ဒါဝိဒ် မင်းကြီး သည် ထာဝရဘုရား အား ပူဇော် ၏။ ထိုအတူရှုရိပြည်၊ မောဘ ပြည်၊ အမ္မုန် ပြည်၊ ဖိလိတ္တိ ပြည်၊ အာမလက် ပြည်၊ အပြည်ပြည် တို့မှ ဆောင် ခဲ့သော ရွှေ ငွေ ကိုလည်း ပူဇော်၏။

12ထိုမှတပါး ၊ ဇေရုယာ သား အဘိရှဲ သည် ဆားချိုင့် တွင် ဧဒုံ လူတသောင်း ရှစ်ထောင်တို့ကို လုပ်ကြံ လေ၏။

13ဧဒုံ ပြည်၌ မြို့စောင့်တပ် တို့ကို ထား ၍ ၊ ဧဒုံ ပြည်သား အပေါင်း တို့သည် ဒါဝိဒ် ၌ ကျွန် ခံကြ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား သည် စောင့်မ တော်မူ၏။

14ထိုသို့ ဒါဝိဒ် သည် ဣသရေလ နိုင်ငံလုံး ကိုစိုးစံ ၍ ၊ နိုင်ငံတော်သားတို့တွင် တရားမှု ကို စီရင် ဆုံးဖြတ်တော်မူ ၏။

15ဇေရုယာ ၏သား ယွာဘ သည် ဗိုလ်ချုပ် မင်း ဖြစ်၏။ အဟိလုဒ် ၏သား ယောရှဖတ် သည် အတွင်းဝန် ဖြစ်၏။

16အဟိတုပ် ၏သား ဇာဒုတ် နှင့် အဗျာသာ ၏သား အဟိမလက် သည် ယဇ်ပုရောဟိတ် ဖြစ်၏။ စရာယ သည် စာရေးတော်ကြီး ဖြစ်၏။

17ယောယဒ ၏သား ဗေနာယ သည် ခေရသိ လူနှင့် ပေလသိ လူတို့ကို အုပ်ရ၏။ ဒါဝိဒ် ၏သား တော်တို့သည် လည်း အထံ တော်၌ မင်းသားအရာနှင့်နေကြ၏။

← 2 ရာဇဝင်ချုပ်ပထမစောင် 17Read In The App, Free →2 ရာဇဝင်ချုပ်ပထမစောင် 19 →

Study 2 ရာဇဝင်ချုပ်ပထမစောင် 18

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829