ရှင်ယောဟန်ဩဝါဒစာပထမစောင် 2:28
ချစ်သား တို့၊ သားတော်သည်ထင်ရှား ပေါ်ထွန်းတော်မူသောအခါ ၊ ငါ တို့သည် အထံ တော်သို့ ရောက် လျှင်၊ ရဲရင့် ရသောအခွင့်ရှိ၍ ၊ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် မည်အကြောင်း သား တော်၌ တည်နေ ကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 2
Cross References
Isaiah 45:17ဣသရေလ အမျိုးမူကား၊ ထာဝရဘုရား အားဖြင့် ထာဝရ ကယ်တင် ခြင်းသို့ ရောက်၍၊ သင်တို့သည် ရှက် ကြောက်ခြင်း၊ မှိုင်တွေ ခြင်းနှင့် ကမ္ဘာအဆက်ဆက် ကင်းလွတ် ကြလိမ့်မည်။
Malachi 4:5ကြည့်ရှု လော့။ ထာဝရဘုရား ၏ ကြောက်မက် ဘွယ်သော နေ့ ရက်ကြီး မ ရောက် မှီ၊ ပရောဖက် ဧလိယ ကို သင် တို့ရှိရာသို့ ငါ စေလွှတ် မည်။
Romans 9:33ကျမ်းစာ၌လာ သည်ကား ၊ ထိမိ ၍ လဲစရာ ကျောက် ၊ မှားယွင်း စရာကျောက် ကို ဇိအုန် တောင်ပေါ်မှာ ငါချထား ၏။ ထိုကျောက် ကို အမှီပြု သောသူ မည်သည်ကား၊ ရှက်ကြောက် ခြင်းမ ရှိ နိုင်ရာဟုလာသည်နှင့်အညီ၊ ထိုကျောက်ကို ဣသရေလလူတို့သည် ထိမိ၍ လဲကြ၏။
1 Corinthians 15:23သို့ရာတွင် လူအသီးအသီး တို့သည် မိမိ တို့အလှည့် အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော် သည် အဦး သီးသော အသီးဖြစ်တော်မူ၏၊ ခရစ်တော် သည် ကြွလာ တော်မူသောအခါ ၊ တပည့် တော်ဖြစ်သော သူ တို့ သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။
1 Thessalonians 2:19ငါ တို့မြော်လင့် ခြင်းအကြောင်း၊ ဝမ်းမြောက် ခြင်းအကြောင်း၊ ဝါကြွား ခြင်း၏ ဦးရစ် သရဖူကား၊ အဘယ်သို့ သောအကြောင်းအရာနည်း။ ငါ တို့သခင် ယေရှု ခရစ် ကြွလာ တော်မူသောအခါ၊ ရှေ့ တော်၌ သင် တို့သည် ထိုသို့သောအကြောင်း အရာ ဖြစ်ကြသည် မ ဟုတ်လော။
1 Thessalonians 5:23ငြိမ်သက် ခြင်း၏အရှင်ဘုရားသခင် ကိုယ်တော် တိုင်လည်း၊ သင် တို့ကို အကုန်အစင် သန့်ရှင်း စေတော်မူပါစေသော။ ငါ တို့ သခင် ယေရှု ခရစ် ကြွလာ တော်မူသောအခါ ၊ သင် တို့၏ ကိုယ်ခန္ဓါ ၊ စိတ် ၊ ဝိညာဉ် အပေါင်း အပြစ်တင် ခွင့်နှင့် ကင်းလွတ်စေခြင်းငှာစောင့်မ တော်မူပါစေသော။