The Bible Software
ရှင်ယောဟန်ဩဝါဒစာပထမစောင် · မြန်မာကျမ်းစာ

ရှင်ယောဟန်ဩဝါဒစာပထမစောင် 2

1ချစ်သား တို့၊ သင် တို့သည်ဒုစရိုက်ကိုမ ပြု စေခြင်းငှာ ဤအရာ များကိုသင်တို့အား ငါရေး ၍ပေးလိုက်၏။ တစ်စုံတစ်ယောက် သောသူသည် ဒုစရိုက် ကိုပြုမိလျှင် ၊ ဖြောင့်မတ် တော်မူသောအရှင်ယေရှု ခရစ် တည်းဟူသောငါတို့အမှုဆောင် သခင်သည် ခမည်းတော် ထံ၌ ရှိ တော်မူ၏။

2ထိုသခင် သည်ငါ တို့၏အပြစ် မက ၊ လောကီသား အပေါင်း တို့၏ အပြစ် ဖြေစရာအကြောင်း ဖြစ် တော်မူ၏။

3ထို သခင်ကို ကိုယ်တိုင် သိကျွမ်း သည်ကိုအဘယ်သို့သိ ရသနည်းဟူမူကား၊ ပညတ် တော်တို့ကို စောင့်ရှောက် လျှင် သိရသတည်း။

4ထိုသခင် ကို ငါသိ ၏ဟုပညတ် တော်တို့ကို မ စောင့် ဘဲလျက် ဆို သောသူ သည် မုသာ ကိုသုံးသောသူ ဖြစ်၍ထိုသူ ၌ သစ္စာ မ ရှိ ။

5ထိုသခင် ၏စကား တော်ကို နားထောင် သောသူ မည်သည်ကား၊ ဘုရားသခင် ကို ချစ် ခြင်းမေတ္တာနှင့် အမှန် ပြည့်စုံ ၏။ ငါတို့သည် သခင် ၌ ရှိကြောင်း ကို ထိုသို့ အားဖြင့် သိ ရကြ၏။

6ထိုသခင် ၌ ငါတည် ၏ဟုဆို သောသူ သည်၊ ထိုသခင် ကျင့် တော်မူသည်နည်းတူ ကျင့် ရမည်။

7ချစ်သူ တို့၊ သင် တို့အား ငါရေး ထားသော ပညတ် သည် ပညတ်သစ် မ ဟုတ်။ ရှေ့ဦးစွာ ကပင် သင်တို့၌ ရှိ သော ပညတ် ဟောင်း ဖြစ်၏။ ပညတ် ဟောင်း ကား၊ ရှေ့ဦးစွာကပင် သင်တို့ကြား ရသော ဒေသနာ တော်ဖြစ် ၏။

8တဖန်တုံ ၊ ပညတ် သစ် ကို သင် တို့အား ငါရေး ထား၏။ ထိုသခင် အားဖြင့် ၎င်း ၊ သင် တို့အားဖြင့် ၎င်း၊ အသစ်မှန် ပေ ၏။ အကြောင်းမူကား မှောင်မိုက် ပျောက်လွင့် ၍ မှန် သောအလင်း သည် ထွန်းတောက် လျက်ရှိ၏။

9မိမိ ညီအစ်ကို ကိုမုန်း လျက် ပင်၊ ငါသည် အလင်း ၌ ရှိ ၏ ဟုဆို သောသူ သည်ယခု တိုင်အောင် မှောင်မိုက် ၌ ရှိ သေး၏။

10မိမိ ညီအစ်ကို ကိုချစ် သောသူ သည် အလင်း ၌ တည်နေ ၏။ ထိမိ ၍ လဲစရာအကြောင်းသည်ထိုသူ ၌ မ ရှိ ။

11မိမိ ညီအစ်ကို ကို မုန်း သောသူ သည် မှောင်မိုက် ၌ ရှိ ၏။ မှောင်မိုက် ၌ လည်း ကျင်လည် သွားလာ၏။ မှောင်မိုက် ကြောင့် သူ ၏မျက်စိ မ မြင်နိုင်သဖြင့် ၊ အဘယ် အရပ်သို့ ကိုယ်သွား သည်ကိုကိုယ်မ သိ ။

12ချစ်သား တို့၊ သင် တို့သည် ထိုသခင် ၏ နာမ တော်အားဖြင့် အပြစ် များနှင့်ကင်းလွတ် သောကြောင့် ၊ သင် တို့အားငါရေး ၍ပေးလိုက်၏။

13အဘ တို့၊ သင်တို့သည် ရှေ့ဦးစွာ ကပင် ရှိတော်မူသောသူ ကိုသိ သောကြောင့် ၊ သင် တို့အားငါရေး ၍ ပေးလိုက်၏။ လူပျို တို့၊ သင်တို့သည် မာရ်နတ် ကိုအောင် သောကြောင့် ၊ သင် တို့အားငါရေး ၍ ပေးလိုက်၏။ သူငယ် တို့၊ သင်တို့သည် ခမည်းတော် ကိုသိ သောကြောင့် ၊ သင် တို့အား ငါရေး ၍ပေးလိုက်၏။

14အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင်ရှိတော်မူသောသူကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ လူပျို တို့၊ သင်တို့သည် ခွန်အား နှင့်ပြည့်စုံ၍၊ ဘုရားသခင် ၏နှုတ်ကပတ် တော်၌ မှီဝဲဆည်းကပ်သဖြင့် မာရ်နတ် ကိုအောင် သောကြောင့် ၊ သင် တို့အား ငါရေး ၍ ပေးလိုက်ခဲ့ပြီ။

15လောက ကို၎င်း၊ လောက ၌ရှိသောအရာ တို့ကို၎င်း၊ မ ချစ် ကြနှင့်။ လောက ကိုချစ် သောသူမည်သည်ကား၊ ခမည်းတော် ကို ချစ် ခြင်းမေတ္တာမ ရှိ ။

16လောက ၌ ရှိသမျှ သော အရာတည်းဟူသောကိုယ် ကာယတပ်မက် ခြင်း၊ မျက်စိ တပ်မက် ခြင်း၊ လောကီ စည်းစိမ် ၌ဝါကြွား ခြင်းတို့သည် ခမည်းတော် နှင့်မ စပ်ဆိုင် ၊ လောက နှင့်သာစပ်ဆိုင် ကြ၏။

17လောက နှင့် လောကီတပ်မက် ခြင်းသည် ရွေ့သွားကွယ်ပျောက် တတ်၏။ ဘုရားသခင် ၏ အလို တော်နှင့်အညီကျင့် သောသူ မူကား ၊ နိစ္စ ထာဝရတည် ၏။

18ချစ်သား တို့၊ ယခုကာလ သည် နောက်ဆုံး သောကာလဖြစ် ၏။ ခရစ်တော်၏ ရန်သူတည်းဟူသောအန္တိခရစ် ပေါ်လာ ကြောင်း ကို သင်တို့ကြား ရသည်အတိုင်း ၊ ယခုပင် အန္တိခရစ် အများ ရှိ ကြ၏။ ထိုကြောင့် ၊ ယခု ကာလသည်နောက်ဆုံး သောကာလ ဖြစ် သည်ကိုသိ ရ၏။

19ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့သော်လည်း အထက်ကငါ တို့နှင့်မ စပ်ဆိုင် ကြ။ ငါ တို့နှင့်စပ်ဆိုင် လျှင် ငါ တို့နှင့်အတူ နေ ကြလိမ့်မည် ။ ထိုသူအပေါင်း တို့သည် ငါ တို့နှင့်မ စပ်ဆိုင် ကြောင်း ကို ထင်ရှား စေခြင်းငှာ ၊ ငါ တို့ထံမှ ထွက်သွား ကြ၏။

20သင် တို့သည် သန့်ရှင်း တော်မူသောဘုရား၏ လက်မှ ဘိသိတ် ကျေးဇူးတော်ကိုခံရ ၍ ၊ ခပ်သိမ်း သောအရာတို့ကို သိ ကြ၏။

21သမ္မာတရား ကို သင် တို့မ သိ သောကြောင့် ၊ ငါရေး ၍ ပေးလိုက်သည်မ ဟုတ်။ သင်တို့သည် သမ္မာတရား ကို၎င်း ၊ မုသာ ရှိသမျှ တို့သည် သမ္မာတရား နှင့် မ စပ်ဆိုင် သည်ကို၎င်း၊ သိ သောကြောင့် ငါရေး၍ပေးလိုက်၏။

22မုသာ ကိုသုံးသောသူကားအဘယ်သူ နည်း ။ ယေရှု သည်ခရစ်တော် မဟုတ်ဟု ငြင်းပယ် သောသူ ဖြစ် သတည်း။ ခမည်းတော် နှင့် သား တော်ကို ငြင်းပယ် သော သူ သည် အန္တိခရစ် ဖြစ် ၏။

23သား တော်ကိုငြင်းပယ် သောသူ မည်သည်ကား၊ ခမည်းတော် ကိုမ သိ ။ သား တော်ကို ဝန်ခံ သောသူ မည်သည်ကား၊ ခမည်းတော် ကိုသိ ၏။

24ထိုကြောင့်၊ သင်တို့သည် ရှေ့ဦးစွာ ကပင် ကြား ရသော ဒေသနာကို သင် တို့၌ တည် စေကြလော့။ ထိုဒေသနာသည် သင် တို့၌ တည် လျှင် ၊ သင် တို့သည် သား တော်၌ ၎င်း ၊ ခမည်းတော် ၌ ၎င်း၊ တည် ရကြလိမ့်မည်။

25ငါ တို့အား ပေးတော်မူသောဂတိ တော်မူကား ၊ ထာဝရ အသက် ကို ဝန်ခံတော်မူသောဂတိ တော်ပေတည်း။

26သင် တို့ကို လှည့်ဖြား သောသူ တို့၏အကြောင်း ကို ဤသို့ သင် တို့အား ငါရေး ၍ပေးလိုက်၏။

27သို့သော်လည်း သန့်ရှင်းတော်မူသောဘုရား ၏လက်မှ သင် တို့ခံရ သောဘိသိတ် ကျေးဇူးတော်သည် သင် တို့၌ ရှိ သည်ဖြစ်၍၊ အဘယ်သူ မျှ သင် တို့ကို ဆုံးမ ဩဝါဒပေးစရာအကြောင်း မ ရှိ ။ ထိုဘိသိတ် ကျေးဇူးတော်သည် ဖြစ် ယောင်ဆောင် သည်မ ဟုတ်၊ အမှန် ဖြစ် လျက် ခပ်သိမ်း သောအရာတို့ကို သင် တို့အား သွန်သင် တော်မူသည်အတိုင်း ၊ သင်တို့သည် သား တော်၌ တည်နေ ကြလော့။

28ချစ်သား တို့၊ သားတော်သည်ထင်ရှား ပေါ်ထွန်းတော်မူသောအခါ ၊ ငါ တို့သည် အထံ တော်သို့ ရောက် လျှင်၊ ရဲရင့် ရသောအခွင့်ရှိ၍ ၊ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် မည်အကြောင်း သား တော်၌ တည်နေ ကြလော့။

29ဘုရားသခင်သည် ဖြောင့်မတ် တော်မူသည်ကို သင်တို့သည်သိ လျှင် ၊ ဖြောင့်မတ် ခြင်းတရားကို ကျင့် သောသူ မည်သည်ကား၊ ဘုရားသခင် ဖြစ် ဘွား စေတော်မူသောသူဖြစ်သည်ကို သိ ရကြ၏။

← ရှင်ယောဟန်ဩဝါဒစာပထမစောင် 1Read In The App, Free →ရှင်ယောဟန်ဩဝါဒစာပထမစောင် 3 →

Study ရှင်ယောဟန်ဩဝါဒစာပထမစောင် 2

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345