Isaiah 45:17
ဣသရေလ အမျိုးမူကား၊ ထာဝရဘုရား အားဖြင့် ထာဝရ ကယ်တင် ခြင်းသို့ ရောက်၍၊ သင်တို့သည် ရှက် ကြောက်ခြင်း၊ မှိုင်တွေ ခြင်းနှင့် ကမ္ဘာအဆက်ဆက် ကင်းလွတ် ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 25:3အကယ် စင်စစ်ကိုယ်တော် ကို မြော်လင့် သောသူတို့ သည် ရှက်ကြောက် ခြင်းသို့ မ ရောက်ရကြပါ။ အကြောင်း မရှိဘဲ သစ္စာ ကိုဖျက်သောသူတို့ သည် ရှက်ကြောက် ခြင်းသို့ ရောက်ရကြပါလိမ့်မည်။
Isaiah 26:4ထာဝရဘုရား ၌ အစဉ် အမြဲခိုလှုံ ကြလော့။ ထာဝရ ဘုရား သည် နိစ္စ ထာဝရ ခိုလှုံ ရာဖြစ်တော်မူ၏။
Isaiah 45:25ဣသရေလ အမျိုးသား အပေါင်း တို့သည် ထာဝရဘုရား အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်၍ ဝါကြွား ကြ လိမ့်မည်။
Isaiah 51:6မိုဃ်း ကောင်းကင်ကို မျှော် ၍ကြည့်ကြလော့။ မြေကြီး ကိုလည်း ငုံ့ ၍ ကြည့် ကြလော့။ မိုဃ်းကောင်းကင် သည် မီးခိုး ကဲ့သို့ ကွယ်ပျောက် ၍ ၊ မြေကြီး သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း လိမ့်မည်။ မြေကြီး သား တို့သည် ခြင် ကောင်ကဲ့သို့ သေ ကြလိမ့်မည်။ ငါ ၏ ကယ်တင် ခြင်းတရား မူကား အစဉ် အမြဲတည် လိမ့်မည်။ ငါ ၏ ဖြောင့်မတ် ခြင်း တရားလည်း ပပျောက် ခြင်း မ ရှိနိုင်ရာ။
Isaiah 54:4မ စိုးရိမ် နှင့်။ ရှက်ကြောက် ခြင်းသို့မ ရောက်ရ။ မျက်နှာ မ ပျက်နှင့်။ အရှက်ကွဲ ခြင်းကို မ ခံရ။ အသက် ငယ်စဉ်အခါ ခံရသောရှက်ကြောက် ခြင်းကို မေ့လျော့ လိမ့်မည်။ မုတ်ဆိုးမ ဖြစ်၍ ခံရသောကဲ့ရဲ့ ခြင်းကို နောက် တဖန် မ အောက်မေ့ ရ။
Isaiah 60:19နောက်တဖန် နေ့ အချိန်၌ သင်၏အလင်းသည် နေ ပေးသော အလင်း မ ဟုတ် ၊ ညဉ့်အချိန်၌လည်း၊ လ အရောင် သည် သင့် ကို မ လင်း စေရ။ အကြောင်း မူကား၊ ထာဝရဘုရား သည် သင် ၌ ထာဝရ အလင်း ၊ သင် ၏ဘုရား သခင် သည် သင် ၏ဘုန်း အသရေဖြစ် တော်မူလိမ့်မည်။