ရှင်ယောဟန်ဩဝါဒစာပထမစောင် 3:16
ခရစ်တော် သည် ငါ တို့အဘို့ အလိုငှာ အသက် တော်ကို စွန့် တော်မူသည်အရာကို ငါတို့သည် ထောက်၍ ၊ မေတ္တာ တော်ကို သိ ရကြပြီ။ ငါ တို့သည်လည်း ညီအစ်ကို ချင်းတို့အဘို့ အလိုငှာ အသက် ကိုစွန့် ရကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 3
Cross References
John 3:16ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသူ အပေါင်း တို့သည်၊ ပျက်စီး ခြင်းသို့မ ရောက်၊ ထာဝရ အသက် ကို ရ စေခြင်းငှာ ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်း သော သား တော်ကို စွန့် တော်မူသည်တိုင်အောင် လောကီသား ကို ချစ် တော်မူ၏။
John 13:34သင် တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ် ကြလော့။ ငါသည်သင် တို့ကို ချစ် သည်နည်းတူ အချင်းချင်း ချစ် ကြလော့ဟု ပညတ် သစ် ကို ငါပေး ၏။
Acts 20:28ထိုကြောင့် သင်တို့သည် ကိုယ် ကို သတိ နှင့် ကြည့်ရှုကြလော့။ ဘုရားသခင် သည် မိမိ အသွေး နှင့် ဝယ် တော်မူသောအသင်းတော် ကို လုပ်ကျွေး စေခြင်းငှာ၊ သန့်ရှင်း သောဝိညာဉ် တော်သည် သင် တို့ကို အအုပ်အချုပ် ခန့်ထား တော်မူသော သိုးစု တစ်စုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။
Romans 16:4ထိုသူတို့သည် ငါ့ အသက် အဘို့ မိမိ တို့လည်ပင်း ကို ချထား သော သူ ဖြစ်ကြ၏။ သူတို့ကျေးဇူး ရှိသည်ဟု ငါ တစ်ယောက်တည်း သာ ဝန်ခံသည်မ ဟုတ်။ တစ်ပါး အမျိုးသားအသင်းတော် အပေါင်း တို့သည် ဝန်ခံကြ၏။
Ephesians 5:2ခရစ်တော် သည် ငါ တို့ကို ချစ် တော်မူသောအားဖြင့်ဘုရားသခင့် ရှေ့တော်၌ မွှေးကြိုင် သော အနံ့ ရှိစေခြင်းငှာ ၊ ကိုယ်ကိုကိုယ် ဆက်ကပ် ၍ ယဇ် ပူဇော်လျက် ၊ ငါ တို့အတွက် စွန့် တော်မူသည်နည်းတူ ၊ သင်တို့သည် မေတ္တာ တရား၌ ကျင်လည် ကြလော့။
Philippians 2:17ထိုမျှမက၊ သင် တို့၏ယုံကြည် ခြင်းကို တင်လှူ ပူဇော်သော ယဇ် အပေါ်မှာ ငါ့ကိုလောင်း သော်လည်း ဝမ်းမြောက်ခြင်းရှိ၏။ သင်တို့ရှိသမျှ နှင့်အတူ ငါဝမ်းမြောက် ခြင်းရှိ၏။။