တမန်တော်ဝတ္ထု 20:28
ထိုကြောင့် သင်တို့သည် ကိုယ် ကို သတိ နှင့် ကြည့်ရှုကြလော့။ ဘုရားသခင် သည် မိမိ အသွေး နှင့် ဝယ် တော်မူသောအသင်းတော် ကို လုပ်ကျွေး စေခြင်းငှာ၊ သန့်ရှင်း သောဝိညာဉ် တော်သည် သင် တို့ကို အအုပ်အချုပ် ခန့်ထား တော်မူသော သိုးစု တစ်စုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
27ဘုရားသခင် ၏အလို တော်ကိုသင် တို့အား အကုန်အစင် ဟောပြော ပြသခြင်းအမှုကို ငါသည်မ လွှဲ မရှောင်ဘဲပြုခဲ့ပြီ။
Cross References
Psalms 74:2ရှေးက အပိုင် ရတော်မူသောလူ အစည်းအဝေးကို၎င်း၊ ရွေး တော်မူသောအမွေ တော်အဘို့ကို၎င်း၊ ကျိန်းဝပ် တော်မူရာ ဇိအုန် တောင် ကို၎င်းအောက်မေ့ တော်မူပါ။
Proverbs 10:21ဖြောင့်မတ် သောသူ ၏နှုတ်ခမ်း တို့သည် လူအများ ကို ကျွေး တတ်၏။ မိုက် သောသူတို့မူကား ၊ ဉာဏ် မ ရှိသောကြောင့် သေ ကြလိမ့်မည်။
Isaiah 40:11မိမိ သိုးစု ကို သိုးထိန်း ကဲ့သို့ ကျွေးမွေး တော်မူ မည်။ သိုးသငယ် တို့ကို ချီ ၍ ပိုက် ပွေ့တော်မူမည်။ သားငယ် ရှိသောသိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင် တော်မူမည်။
Isaiah 63:11ထိုအခါ ထာဝရ ဘုရား၏ လူ တို့သည် ရှေး ကာလ ၊ မောရှေ ၏ကာလကို အောက်မေ့ ကြ၏။ မိမိ လူ တို့ ကို သိုးထိန်း နှင့် တကွပင်လယ် ထဲက ထုတ် ဆောင်သော ဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း။ မိမိ လူတို့အထဲ ၌ သန့်ရှင်း သော ဝိညာဉ် တော်ကို သွင်း လျက်၊
Jeremiah 13:17သင်တို့သည် နား မ ထောင်ဘဲနေလျှင် မူကား ၊ သင်တို့မာန ကြောင့် ၊ ငါ့ စိတ် ဝိညာဉ်သည် မ ထင်ရှားသော အရပ်၌ ငိုကြွေး မည်။ ထာဝရဘုရား ၏ သိုးစု ကို သိမ်း သွားသောကြောင့် ၊ ငါ့ မျက်စိ လည်း အလွန် ငို ၍ မျက်ရည် ကျ မည်။
Jeremiah 31:10အိုလူမျိုးတို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ ဝေး သောအရပ် ရပ်တို့၌ ကြွေးကြော် ၍၊ ဣသရေလ အမျိုးသားတို့ကို အရပ်ရပ်သို့ ကွဲပြား စေသောသူသည် တဖန်စုသိမ်း ပြီးလျှင် ၊ သိုးထိန်း သည် မိမိ သိုးစု ကိုစောင့်တတ်သကဲ့သို့ စောင့် တော်မူမည်ဟု ကြား ပြောကြလော့။