ရှင်ပေတရုဩဝါဒစာပထမစောင် 2:11
ချစ်သူ တို့၊ ဝိညာဉ် နှင့်စစ် ပြိုင် တတ်သော ကိုယ် ကာယတပ်မက် ခြင်းတို့ကို ရှောင် မည်အကြောင်း၊ ဧည့်သည် အာဂန္တုကဲ့သို့သောသင်တို့ကို ငါတောင်းပန် ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာပထမစောင် 2
Cross References
Genesis 23:4ငါ သည် သင် တို့ထံမှာဧည့်သည် အာဂန္တုဖြစ်ပါ ၏။ ငါ၏မယားအသေ ကောင်ကို မျက်ကွယ် မြှုပ်မည် အကြောင်း ၊ သင် တို့တွင် သင်္ချိုင်း ကို ငါ့ အား အခွင့် ပေး ပါ လော့ဟု ဆို၏။
Leviticus 15:18ယောက်ျား သည် မိန်းမ နှင့် သံဝါသ ပြုလျှင် ၊ နှစ်ယောက်စလုံးတို့သည် ရေချိုး ရမည်။ ညဦး တိုင်အောင် မစင်ကြယ် ဖြစ်၏။
1 Chronicles 29:15အကျွန်ုပ် တို့သည် ဘိုးဘေး များကဲ့သို့ ရှေ့ တော်၌ ဧည့်သည် အာဂန္တုဖြစ်ပါ၏။ မြေကြီး ပေါ် မှာ နေရသော ကာလ သည် အရိပ် ကဲ့သို့ ဖြစ်ပါ၏။ မှီခို ရာမ ရှိပါ။
Psalms 119:19အကျွန်ုပ် သည် မြေကြီး ပေါ် မှာ ဧည့်သည် ဖြစ်ပါ ၏။ ပညတ် တော်တို့ကို ဝှက်ထား တော်မ မူပါနှင့်။
Luke 21:34သင်တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ သို့မဟုတ် အစား အသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ် ခြင်းအားဖြင့်စိတ် နှလုံးပင်ပန်း လျက်နေစဉ်၊ ထို နေ့ရက် သည် အမှတ်တမဲ့ သင် တို့နှင့် တွေ့ကြုံလိမ့်မည်။
Acts 15:29လည်ပင်း ကိုညှစ်၍ သတ်သောအရာကို၎င်း ၊ မတရား သော မေထုန်ကို၎င်း ကြဉ်ရှောင် ရမည်ဟူသော ပညတ်မှတပါး အခြားသော ဝန် သင် တို့၏ အပေါ်၌ တင် ခြင်းငှာသန့်ရှင်း သော ဝိညာဉ် တော်နှင့် ငါ တို့သည် အလိုမ ရှိ။ ထို အရာများကို ကြဉ်ရှောင်အပ်၏။ ကျန်းမာ ကြပါစေသောဟုရေး၍ ပေးလိုက်သတည်း။