ရှင်ပေတရုဩဝါဒစာပထမစောင် 2:12
သာသနာပ လူတို့သည် သင် တို့ကိုကဲ့ရဲ့ ပြစ်တင်ကြသည်အမှု မှာ၊ ဘုရားသခင် ကြည့်ရှု စီရင်တော်မူသော နေ့ရက် ၌ ၊ သင်တို့၏ ကောင်း သောအကျင့် ကို သူ တို့သည် ထောက်ရှု ၍ ဘုရားသခင်ကိုချီးမွမ်း မည်အကြောင်း၊ သူတို့ ရှေ့၌တင့်တယ် လျောက်ပတ်စွာ ကျင့် နေကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာပထမစောင် 2
Cross References
Genesis 13:7အာဗြံ ၏ နွား ကျောင်းသား၊ လောတ ၏ နွား ကျောင်းသားတို့သည်လည်း ခိုက်ရန် ပြုကြ၏။ ထိုအခါ ၊ ခါနာန် အမျိုးသား၊ ဖေရဇိ အမျိုးသားတို့သည် ထိုပြည် ၌ နေ ကြသတည်း။
Psalms 37:14မတရား သောသူတို့သည် ဆင်းရဲ ငတ်မွတ် သောသူတို့ ကို လှဲ ချခြင်းငှါ ၎င်း၊ ဖြောင့်မတ် စွာကျင့် သောသူတို့ ကိုသတ် ခြင်းငှါ ၎င်း၊ ထား ကိုထုတ် လျက်၊ လေး ကို တင် လျက် နေတတ်ကြ၏။
Isaiah 10:3ငါကြည့်ရှုစီရင် သည်ကာလ ၊ အဝေး က ရောက်လတံ့ သော ဖျက်ဆီး ခြင်းဖြစ်သည်ကာလ၌ ၊ သင်တို့သည် ချမ်းသာ ရအံသောငှါ ၊ အဘယ် သူထံ သို့ ပြေး ကြလိမ့်မည်နည်း။ သင် တို့စည်းစိမ် ဥစ္စာကို အဘယ်မှာ သို ထား ကြ လိမ့်မည်နည်း။
Matthew 5:16ထိုနည်းတူ ၊ သူတစ်ပါးတို့သည် သင် တို့၏ကောင်း သောအကျင့် ကိုမြင် ၍၊ ကောင်းကင် ဘုံ၌ ရှိတော်မူသောသင် တို့အဘ ၏ဂုဏ် တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါး ရှေ့ ၌ သင် တို့အလင်း ကို လင်း စေကြလော့။
Matthew 10:25တပည့် သည် ဆရာ ကဲ့သို့ ၎င်း ၊ ကျွန် သည်သခင် ကဲ့သို့ ၎င်းဖြစ် လျှင် သင့်လောက် ပေ၏။ အိမ်ရှင် ကို ဗေလဇေဗုလ ဟုခေါ်ဝေါ် ကြလျှင် ၊ အိမ်သူ အိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။
Luke 6:22ပယ်ရှား နှင်ထုတ်၍ ကဲ့ရဲ့ ခြင်း၊ အသရေ ရှုတ်ချ ခြင်းကို ပြုသောအခါ သင်တို့သည် မင်္ဂလာ ရှိ ကြ၏။