ရှင်ပေတရုဩဝါဒစာပထမစောင် 2:8
နားမထောင် ဘဲ နှုတ်ကပတ် တရားတော်ကို ထိမိ ၍ လဲ သောသူ တို့သည် ထိမိ ၍ လဲစရာကျောက် ၊ မှားယွင်းစရာကျောက် လည်း ဖြစ်၏။ ထိုအမှု နှင့် တွေ့စေခြင်းငှာ ထိုသူတို့ကို ခန့်ထား တော်မူသတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာပထမစောင် 2
Cross References
Job 23:14ငါ့ အငန်း အတာကို စီရင် တော်မူ၏။ ထိုသို့ သော အကြံအစည်တော်အများ ရှိကြ၏။
Isaiah 57:14ထိုအခါ မြေကို ဖို့ ကြ။ မြေကို ဖို့ ကြ။ လမ်း ကို ပြင် ကြ။ ငါ့ လူ တို့၏ လမ်း ခရီး၌ အဆီးအတားမရှိစေနှင့် ဟု ငါပြောဆိုရ၏။
Romans 9:22ဘုရားသခင် သည် မိမိ အမျက် တော်ကိုပြ ၍ ၊ တန်ခိုး တော်ကို ထင်ရှား စေခြင်းငှာအလို တော်ရှိလျက်၊ ပျက်စီး ခြင်းအဘို့ ပြင်ဆင် သော အမျက် ရာအိုး များတို့ကို အလွန် သည်းခံ ခြင်းခန္တီနှင့်သည်းခံ တော်မူသည် မှန်လျှင် အဘယ်ပြောဘွယ်ရှိအံ့နည်း။
1 Corinthians 1:23ငါ တို့မူကား ၊ လက်ဝါးကပ်တိုင် မှာ အသေခံတော်မူသော ခရစ်တော် ၏ အကြောင်းအရာကို ဟောပြော ကြ၏။ ထိုအကြောင်းအရာသည်ကား၊ ယုဒ အမျိုးသားထိမိ ၍ လဲစရာအကြောင်းဖြစ်၏။ တစ်ပါး အမျိုးသား၌ကား၊ မိုက်မဲ ခြင်းဖြစ်၏။
1 Thessalonians 5:9အမျက် တော်ကိုခံစေခြင်းငှာ ဘုရားသခင် သည် ငါ တို့ကို ခန့်ထား တော်မူသည်မ ဟုတ်။ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ကယ်တင် ခြင်းကို ပိုင်ရ စေခြင်းငှာ ခန့်ထားတော်မူ၏။
2 Peter 2:3သူ တို့သည် လောဘ လွန်ကျူးလျက် ချော့မော့ သော စကား နှင့် သင် တို့ကိုကုန်သွယ် ကြလိမ့်မည်။ သူတို့အပြစ် စီရင်ခြင်းသည် ရှေး ကာလ မှစ၍မ ဖင့် မနွဲ့၊ သူ တို့ဖျက်ဆီး ခြင်းသည်လည်း အိပ် ၍မ ပျော်။