2 ဓမ္မရာဇဝင်ပထမစောင် 13:5
ဖိလိတ္တိ လူတို့သည်လည်း ၊ ဣသရေလ အမျိုးသားတို့ကို စစ်တိုက် ခြင်းငှါ ၊ ရထား သုံးထောင် နှင့် မြင်း ခြောက် ထောင် ကို၎င်း၊ သမုဒ္ဒရာ သဲလုံး နှင့်အမျှ ရှိသောလူ များကို၎င်းစုဝေးစေပြီးလျှင် ၊ စစ်ချီ ဗေသဝင် မြို့အရှေ့ ၊ မိတ်မတ် မြို့၌ တပ်ချ ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 13
Cross References
Joshua 7:2ယောရှု သည်လည်း ၊ ယေရိခေါ မြို့မှ လူ တို့ကို စေလွှတ် ၍၊ သင်တို့သည် ဗေသလ မြို့အရှေ့ ၊ ဗေသဝင် မြို့ အနား မှာရှိသော အာဣ မြို့သို့ သွား ၍ ထိုပြည် ကို ကြည့်ရှု ကြလော့ဟု မှာ ထားသည်အတိုင်း သူတို့သည် သွား ၍ ၊ အာဣ မြို့ကို ကြည့်ရှု ပြီးလျှင်၊
Joshua 18:12မြေအပိုင်း အခြားသည် မြောက် မျက်နှာ၌ ယော်ဒန် မြစ်မှ ထွက် ၍ ယေရိခေါ မြို့ မြောက် ဘက်နား ၌ ၎င်း၊ အနောက် ဘက်တောင် ပေါ်၌ ၎င်း ရှောက် လျက် ဗေသဝင် တော သို့ ထွက် သွား၏။
1 Samuel 14:23ထိုသို့ ထာဝရဘုရား သည် ဣသရေလ အမျိုးကို ထို နေ့၌ ကယ်တင် တော်မူသဖြင့် ၊ စစ်မှု သည် ဗေသဝင် မြို့သို့ လွန် သွားလေ၏။
1 Samuel 17:1ဖိလိတ္တိ လူတို့သည် ဗိုလ်ခြေ များကို နှိုးဆော်၍ ယုဒ ခရိုင် ရှောခေါ မြို့၌ စုဝေး သဖြင့် ၊ ရှောခေါ မြို့နှင့် အဇေကာ မြို့စပ်ကြား ဒမိမ် အရပ်မှာ တပ်ချ ကြ၏။
Isaiah 48:19သင် ၏ အမျိုး အနွယ်သည် သဲ လုံးကဲ့သို့ ၎င်း၊ သင် ၏သား မြေးတို့သည်၊ သမုဒ္ဒရာ ကျောက်စရစ် ကဲ့သို့ ၎င်း ဖြစ် ရကြလိမ့်မည်။ သင် ၏နာမ သည် ငါ့ ရှေ့ မှာ မ ပြတ် ၊ မ ပျက် မစီးရ။
Hosea 4:15အိုဣသရေလ အမျိုး၊ သင် သည် ပြည်တန်ဆာ လုပ်သော်လည်း ၊ ယုဒ အမျိုးကို မ မှားယွင်း ပါစေနှင့်။ ဂိလဂါလ မြို့သို့ မ ချဉ်းကပ် ကြနှင့်။ ဗေသဝင် မြို့သို့ မ သွား ကြနှင့်။ ထာဝရဘုရား အသက်ရှင် တော်မူသည် အတိုင်းဟူ၍မ ကျိန်ဆို ကြနှင့်။