ရာဇဝင်ချုပ်ပထမစောင် 21:10
သို့သော်လည်း ၊ ဧဒုံ ပြည်သား တို့ သည် ယနေ့ တိုင်အောင် ယုဒ ရှင်ဘုရင်ကိုပုန်ကန် ကြ၏။ ထိုကာလ၌၊ လိဗန ပြည်သည်လည်း ပုန်ကန် ၏။ အကြောင်း မူကား၊ ယဟောရံ သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့် ၍၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 21
Cross References
Deuteronomy 31:17ထိုအခါ ငါ သည် အမျက် တော်ထွက် ၍ သူ တို့ကို စွန့် မည်။ သူ တို့မှ ငါ့ မျက်နှာ ကို လွှဲ သဖြင့် ၊ သူတို့သည် ပျက်စီး ၍ ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံကြ လိမ့်မည်။ ထိုအခါ သူတို့က၊ ငါ တို့ဘုရားသခင် သည် ငါတို့ တွင် ရှိတော်မမူသောကြောင့်၊ ဤ ဘေးဒဏ် တို့သည် ငါ တို့ အပေါ်မှာ ရောက် သည်မ ဟုတ်လော ဟု ဆိုကြလိမ့်မည်။
Joshua 10:29ထိုနောက် ယောရှု သည် ဣသရေလ လူအပေါင်း တို့နှင့်တကွ ၊ မက္ကဒါ မြို့မှ လိဗန မြို့သို့ချီ သွား၍ တိုက် သဖြင့်၊
Judges 10:13သို့သော်လည်း သင် တို့သည် ငါ့ ကို စွန့် ၍ အခြား တပါးသောဘုရား တို့ကို ဝတ်ပြု သောကြောင့် ၊ နောက်တဖန် ငါမ ကယ်နှုတ်။
1 Kings 11:33ဆယ်ခရိုင်ကို နှုတ်ရသောအကြောင်း ဟူမူကား၊ ငါ့ ကိုစွန့် ၍ ဇိဒုန် နတ်သမီး အာရှတရက် ၊ မောဘ ဘုရား ခေမုရှ ၊ အမ္မုန် ဘုရား မိလကုံ တို့ကို ကိုးကွယ် သဖြင့် ၊ အဘ ဒါဝိဒ် ကဲ့သို့ ငါ့ ရှေ့ ၌ မှန် သောတရား ၊ ငါ စီရင် ထုံးဖွဲ့ချက် တို့ကို စောင့်ရှောက် ခြင်းငှါ ငါ့ လမ်း တို့သို့ မ လိုက်။
2 Chronicles 13:10ငါ တို့မူကား ၊ ထာဝရဘုရား ကိုမ စွန့်။ထိုဘုရား သည် ငါ တို့၌ ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရဘုရား ၏ အမှု တော်ကို ထမ်းသောယဇ် ပုရောဟိတ်တို့သည် အာရုန် အမျိုး ဖြစ်ကြ၏။ လေဝိ သားတို့သည်လည်း ၊ မိမိတို့ အမှု ကို စောင့်နေကြ၏။
2 Chronicles 28:6တဖန် ဣသရေလ ရှင်ဘုရင် လက် သို့ အပ် တော်မူသဖြင့် ၊ ထိုရှင်ဘုရင်ရေမလိ သား ပေကာ သည် ကြမ်းတမ်း စွာ လုပ်ကြံ ၍ ၊ ရဲရင့်သောယုဒ အမျိုးသားတသိန်း နှစ်သောင်းကို တနေ့ ခြင်းတွင် သတ် လေ၏။ အကြောင်း မူကား၊ သူ တို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့် ကြသတည်း။