ရာဇဝင်ချုပ်ပထမစောင် 21:11
ယုဒ တောင် တို့ အပေါ် မှာ၊ မြင့် သောအရပ်တို့ကို တည် လုပ်သဖြင့် ၊ ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား တို့ သည် တပါးအမျိုးသားတို့၏ ဘုရားနှင့် မှားယွင်းရမည် အကြောင်း၊ အနိုင်အထက်ပြုသတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 21
Cross References
Exodus 34:16သင်သည် သူ တို့ သမီး များကိုယူ ၍၊ ကိုယ် သား တို့နှင့် ထိမ်းမြားပေးစားသဖြင့်၊ ထိုသမီး တို့သည် မိမိ တို့ ဘုရား နှင့် မှားယွင်း ခြင်းကို ပြု၍ သင် ၏သား တို့ကို ထိုဘုရား တို့နှင့် မှားယွင်း စေမည်ဟူ၍၎င်း စိုးရိမ်စရာ ရှိ၏။
Leviticus 20:5ထိုသို့ နေသောသူ နှင့် သူ ၏ အိမ်သူ အိမ်သားတို့ကို ၊ ငါ သည် မျက်နှာ ထား ၍ ၊ ထိုသူ ကို၎င်း ၊ သူ နှင့်အတူ မောလုတ် ဘုရားထံ ၌ မှားယွင်း သောသူကို၎င်း ၊ သူ တို့အမျိုး မှ ပယ်ရှင်း မည်။
Deuteronomy 31:16တဖန် မောရှေ အား ထာဝရဘုရား က၊ သင် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် သောအခါ ၊ ဤ လူမျိုး သည် ထ ၍ ယခုသွား သော ပြည် ၌နေသောတပါး အမျိုးသားကိုးကွယ်သော ဘုရား တို့နှင့် မှားယွင်း ၍ ငါ့ ကိုစွန့် လျက် ၊ ငါဖွဲ့ ထားသော ပဋိညာဉ် တရားကို ဖျက် လိမ့်မည်။
1 Kings 14:9သင်မူကား သင့် ရှေ့ မှာ ဖြစ် ဘူးသော သူ အပေါင်း တို့ကို လွန် ၍ ဒုစရိုက် ကိုပြုလေပြီ။ ငါ့ အမျက် ကို နှိုးဆော်ခြင်းငှါ အခြား တပါးသော ဘုရား နှင့်သွန်း သော ရုပ်တု တို့ကိုလုပ်၍ ငါ့ ကိုသင့် ကျော နောက် သို့ ပစ် ထားပြီ။
2 Kings 9:22ယောရံ သည် ယေဟု ကိုမြင် လျှင် ၊ ယေဟု ငြိမ်သက် ခြင်းရှိသလော ဟု မေး သော် ၊ ယေဟုက၊ သင့် အမိ ယေဇဗေလ ပြု သော အဓမ္မမေထုန်အမှု၊ ပြုစား သော အမှုများ သော ကာလ အတွင်းတွင်၊ အဘယ်သို့ သော ငြိမ်သက် ခြင်းရှိ လိမ့်မည်နည်းဟု ပြန်ပြော သော်၊ “
2 Chronicles 21:13ဣသရေလ ရှင် ဘုရင်တို့ လမ်း သို့ လိုက် သောကြောင့် ၎င်း၊ အာဟပ် အမျိုး မှားယွင်း သည်နည်းတူ ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား တို့သည်၊ တပါးအမျိုးသားတို့ ၏ ဘုရားနှင့်မှားယွင်းရမည် အကြောင်းပြုသောကြောင့်၎င်း၊ ကိုယ် ထက် သာ၍ကောင်း သော ညီရင်း တို့ကိုသတ် သောကြောင့် ၎င်း ၊