The Bible Software
ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

ရာဇဝင်ချုပ်ပထမစောင် 21

1ယောရှဖတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူတို့နှင့်အတူ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ယဟောရံ သည် ခမည်းတော် အရာ၌ နန်း ထိုင်၏။

2ယုဒရှင်ဘုရင် ယောရှဖတ် သား ၊ ယဟောရံညီဟူမူကား ၊ အာဇရိ ၊ ယေယလေ ၊ ဇာခရိ ၊ အာဇရိ ၊ မိက္ခေလ ၊ ရှေဖတိ တည်း။

3ခမည်းတော် သည်များစွာ သော ရွှေ ငွေ ဥစ္စာ ရတနာနှင့်တကွ ယုဒ ပြည်၌ ခိုင်ခံ့ သောမြို့ တို့ကို သူ တို့ အား ပေး ၏။ နိုင်ငံ ကိုကား ၊ သားဦး ယဟောရံ အား ပေး ၏။

4ယဟောရံ သည် ခမည်းတော် နိုင်ငံ ၌ တည် သောအခါ ၊ ကိုယ်ကိုခိုင်ခံ့ စေ၍ ၊ ညီ တော်အပေါင်း တို့ကို၎င်း ၊ ဣသရေလ မှူးတော် မတ်တော်တချို့တို့ကို၎င်း ၊ ထား နှင့် သတ် လေ၏။

5ယဟောရံ သည် အသက် သုံးဆယ် နှစ် နှစ်ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ ရှစ် နှစ် စိုးစံ လေ၏။

6အာဟပ် သမီး နှင့်စုံဘက် သဖြင့် ၊ ဣသရေလ ရှင် ဘုရင်တို့လိုက် ရာ လမ်း သို့ အာဟပ် အမျိုး ကဲ့သို့ လိုက် ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏။

7သို့ရာတွင် ထာဝရဘုရား သည် ဒါဝိဒ် အစ ရှိသော သား မြေးတို့၏ မီးခွက် ကို အစဉ် ထွန်းလင်းစေမည်ဟု ဂတိတော်ရှိ၍၊ ဒါဝိဒ် နှင့် ပဋိညာဉ် ဖွဲ့ တော်မူသောကြောင့် ၊ သူ၏အမျိုး ကို မ ဖျက်ဆီး ဘဲ ထားတော်မူ၏။

8ထိုမင်း လက်ထက် ၌၊ ဧဒုံ ပြည်သားတို့သည် ယုဒ ရှင်ဘုရင်ကို ပုန်ကန် ၍၊ ကိုယ်အမျိုးသားကို ရှင် ဘုရင်အရာ၌ ချီးမြှောက် ကြ၏။

9ယဟောရံ မင်းသည် မှူးမတ် များ၊ ရထား စီးသူရဲများအပေါင်း တို့နှင့်တကွ စစ်ချီ ၍ ၊ ညဉ့် အခါ ဝိုင်း သော ဧဒုံ လူများ၊ ရထား အုပ် များကို လုပ်ကြံ လေ၏။

10သို့သော်လည်း ၊ ဧဒုံ ပြည်သား တို့ သည် ယနေ့ တိုင်အောင် ယုဒ ရှင်ဘုရင်ကိုပုန်ကန် ကြ၏။ ထိုကာလ၌၊ လိဗန ပြည်သည်လည်း ပုန်ကန် ၏။ အကြောင်း မူကား၊ ယဟောရံ သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့် ၍၊

11ယုဒ တောင် တို့ အပေါ် မှာ၊ မြင့် သောအရပ်တို့ကို တည် လုပ်သဖြင့် ၊ ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား တို့ သည် တပါးအမျိုးသားတို့၏ ဘုရားနှင့် မှားယွင်းရမည် အကြောင်း၊ အနိုင်အထက်ပြုသတည်း။

12ပရောဖက် ဧလိယ ပေးလိုက်သောစာ သည် ထိုမင်း ထံ သို့ရောက် သဖြင့် ၊ သင့် အဘ ဒါဝိဒ် ၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် သည် ခမည်းတော် ယောရှဖတ် လမ်း နှင့် ယုဒ ရှင်ဘုရင် အာသ လမ်း သို့ မ လိုက်၊

13ဣသရေလ ရှင် ဘုရင်တို့ လမ်း သို့ လိုက် သောကြောင့် ၎င်း၊ အာဟပ် အမျိုး မှားယွင်း သည်နည်းတူ ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား တို့သည်၊ တပါးအမျိုးသားတို့ ၏ ဘုရားနှင့်မှားယွင်းရမည် အကြောင်းပြုသောကြောင့်၎င်း၊ ကိုယ် ထက် သာ၍ကောင်း သော ညီရင်း တို့ကိုသတ် သောကြောင့် ၎င်း ၊

14ထာဝရဘုရား သည် သင် ၏လူ များ၊ သင် ၏သား မယား များ၊ သင် ၏ဥစ္စာ ရှိသမျှ ကို ကြီးစွာ သောဘေး ဖြင့် ဒဏ်ခတ် တော်မူမည်။

15သင့် အူ သည် တနေ့ ထက်တနေ့ထွက် အောင် ၊ ဝမ်း ထဲ ၌ပြင်းစွာ သောအနာ ရောဂါစွဲလိမ့်မည်ဟု စာ၌ပါသတည်း။

16ထိုနောက်မှ ၊ ထာဝရဘုရား သည် ဖိလိတ္တိ လူ၊ ကုရှ ပြည်နှင့်နီးသော အာရပ် လူတို့ကို၊ ယဟောရံ မင်း တစ်ဘက် နှိုးဆော် တော်မူသဖြင့်၊

17သူတို့ သည် ယုဒ ပြည်သို့ ချီ လာ၍ လုပ်ကြံ ကြ၏။ နန်းတော် ၌ တွေ့ သမျှ သောဥစ္စာ များနှင့် ရှင်ဘုရင် ၏ သား မယား များတို့ကို သိမ်းသွား ကြသဖြင့် ၊ အထွေး ဆုံး သောသား အာခဇိမှတပါး ၊ တယောက် မျှမကျန်ကြွင်း။

18နောက်တဖန် မ ပျောက် နိုင်သောဝမ်း နာ ဖြင့် ထာဝရဘုရား သည် ဒဏ်ခတ် တော်မူ၏။

19ရှင်ဘုရင်သည် တာရှည် စွာနာ ၍ ၊ နှစ် နှစ်စေ့ သောအခါ၊ အနာ ပြင်းထန် သောကြောင့် ၊ အူ ထွက် ၍ အသက် ချုပ်လေ၏။ ပြည်သား တို့ သည်ဘိုး တော် ဘေးတော်တို့အဘို့ မီးရှို့ ခြင်းကိုပြု သကဲ့သို့ ၊ ထိုမင်း အဘို့ မ ပြု။

20ယဟောရံ သည် အသက်သုံးဆယ် နှစ် နှစ်ရှိ သော် ၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ ရှစ် နှစ် စိုးစံ ပြီးမှ ၊ အဘယ်သူမျှ မ နှမြော ဘဲသေ သွား၏။ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် သော်လည်း ၊ ရှင် ဘုရင်တို့ သင်္ချိုင်း ၌ မ သင်္ဂြိုဟ်ကြ။

← ရာဇဝင်ချုပ်ပထမစောင် 20Read In The App, Free →ရာဇဝင်ချုပ်ပထမစောင် 22 →

Study ရာဇဝင်ချုပ်ပထမစောင် 21

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536