ဝတ်ပြုရာကျမ်း 4:13
ဣသရေလ အမျိုးသားပရိသတ် အပေါင်း တို့သည် တရားကိုမသိ၊ အကျိုးအပြစ်ကို မရိပ်မိဘဲ၊ ထာဝရဘုရား ၏ ပညတ် တော်ကို လွန်ကျူး ပြစ်မှား၍ မ ပြု အပ်သောအမူကို ပြု မိသဖြင့် အပြစ်ရောက် လျှင်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 5:2တစုံ တယောက်သောသူ သည် မ စင်ကြယ်သော သားရဲ ၊ သားယဉ်၊ တွား တတ်သော တိရစ္ဆာန်၏ အသေ ကောင် အစရှိသော မ စင်ကြယ်သော အရာ တစုံ တခုကို အမှတ်တမဲ့ထိမိ သဖြင့် ၊ မ စင်ကြယ်ရာသို့ ရောက်၍ အပြစ် ရှိသော်၎င်း၊
Leviticus 6:4ထိုသူသည် ပြစ်မှား ၍ အပြစ် ရောက်သောကြောင့် ၊ အနိုင် အထက်ယူသော ဥစ္စာ ၊ လှည့်စား ၍ ရသော ဥစ္စာ ၊ သူတပါး အပ်နှံ သော ဥစ္စာ၊ ပျောက် ၍တွေ့ သော ဥစ္စာ၊
Numbers 15:24ပရိသတ် အပေါင်းတို့သည် မသိဘဲ သတိလစ် ၍ မှားယွင်း ခြင်းသို့ရောက် လျှင် ၊ ပရိသတ် အပေါင်း တို့သည် ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ ရှိစေခြင်းငှါ၊ ထုံးဖွဲ့ သော ထုံးစံရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျို သော နွားထီး ဖြင့် မီးရှို့ ရာယဇ်ကို၎င်း ၊ ဆိတ် ဖြင့် အပြစ် ဖြေရာ ယဇ်ကို၎င်းပူဇော် ရကြမည်။
Joshua 7:24ယောရှု နှင့် ဣသရေလ အမျိုးသားအပေါင်း တို့ သည်၊ ဇေရ သား အာခန် မှစ၍ ထိုငွေ ၊ ဝတ်လုံ ၊ ရွှေ တုံး၊ သားသမီး ၊ သိုး နွား မြည်း ၊ တဲ နှင့်တကွ သူ ၌ ရှိသမျှ တို့ကို အာခေါ် ချိုင့် သို့ ဆောင် သွားပြီးမှ၊
Psalms 19:13ရဲရင့် သော ဒုစရိုက်ကို လည်း ကိုယ်တော် ၏ ကျွန် သည် မ ပြုရမည်အကြောင်းဆီးတား တော်မူပါ။ ဒုစရိုက် အပြစ်သည် အကျွန်ုပ် ကို အစိုး မ ရပါစေနှင့်။ ထိုသို့ သော အားဖြင့်အကျွန်ုပ်သည်ဖြောင့်မတ် ခြင်းရှိ၍ ၊ ကြီးစွာ သောပြစ် မှားခြင်းနှင့် ကင်းလွတ် ပါလိမ့်မည်။
Hosea 5:15သူတို့သည် ကိုယ်အပြစ်ကို ဝန်မချ။ ငါ့ မျက်နှာ ကို မ ရှာ မှီတိုင်အောင်၊ ငါ သည် ကိုယ်နေရာ သို့ ပြန် သွား၍ နေမည်။ အမှု ရောက်သောအခါ ၊ သူ တို့သည် ငါ့ ကိုကြိုးစား၍ ရှာ ကြလိမ့်မည်။