ရာဇဝင်ချုပ်ပထမစောင် 30:1
တဖန် ဧဖရိမ် အမျိုး၊ မနာရှေ အမျိုးနှင့်တကွ ဣသရေလ အမျိုး၊ ယုဒ အမျိုးသားအပေါင်း တို့သည် ယေရုရှလင် မြို့၊ ဗိမာန် တော်သို့ လာ ၍ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အား ၊ ပသခါ ပွဲကို ခံ စေခြင်းငှါ ၊ ဟေဇကိ သည် စာ ရေး ၍ ပေး လိုက်လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 30
Cross References
Exodus 12:3သင်တို့သည် ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ကို မှာ ထားရသောစကားဟူမူကား၊ ဤ လ ဆယ် ရက် နေ့၌ သင်တို့ရှိသမျှသည်၊ မိမိအိမ်ထောင် အသီးအသီး အတိုင်း တအိမ်ထောင် လျှင် သိုးသငယ် တကောင်စီ ယူ ရမည်။
2 Kings 23:22အကယ်၍ ဣသရေလ အမျိုးကို အုပ်စိုး သော တရားသူကြီး လက်ထက် မှစ၍ ၊ ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် လက်ထက် ကာလပတ်လုံး ၊ ထိုသို့ သော ပသခါ ပွဲကို တခါ မျှမဆောင် ကြ
2 Chronicles 11:16ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ကို ရှာ လိုသောငှါ ၊ သဘော ချ သောသူတို့သည်လည်း၊ ဣသရေလ ခရိုင် များထဲက ထွက်၍၊ ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား အား ယဇ် ပူဇော်အံ့သောငှါ ၊ လေဝိ သားတို့နောက် သို့လိုက်၍ ၊ ယေရုရှလင် မြို့သို့ ရောက် လာကြ၏။
2 Chronicles 29:24ယဇ် ပုရောဟိတ်တို့သည် သတ် ၍ ၊ ဣသရေလ အမျိုးသားအပေါင်း တို့၏ အပြစ် ကိုပြေစေခြင်းငှါ ၊ ယဇ် ပလ္လင် ပေါ် မှာ အသွေး အားဖြင့်အပြစ်ဖြေခြင်း မင်္ဂလာကို ပြုကြ၏။ ထိုသို့မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်ကို ဣသရေလ အမျိုးသားအပေါင်း တို့အဘို့ ပူဇော်မည် အကြောင်း၊ ရှင်ဘုရင် အမိန့် တော်ရှိပြီ။
2 Chronicles 35:6ထိုသို့ ပသခါ သိုးသငယ်ကိုသတ် ၍ ကိုယ်ကိုသန့်ရှင်း စေကြလော့။ သင် တို့ညီအစ်ကို တို့သည် မောရှေ အားဖြင့် ထာဝရဘုရား မှာထား တော်မူသည် အတိုင်း ပြု စေခြင်းငှါ ၊ သူတို့ကိုလည်း ပြင်ဆင် ကြလော့ဟု မိန့်တော်မူ၏။
Hosea 7:8ဧဖရိမ် သည်တပါး အမျိုးသားတို့နှင့် ပေါင်းဘော်ရောနှော လျက်ရှိ၏။ တမျက်နှာသာဖုတ်၍ မ လှန် သော မုန့်ပြား ဖြစ် ၏။