ရာဇဝင်ချုပ်ပထမစောင် 30:11
သို့ရာတွင် အာရှာ ခရိုင်သား၊ မနာရှေ ခရိုင်သား၊ ဇာဗုလုန် ခရိုင်သား အချို့တို့သည် ကိုယ်ကိုနှိမ့်ချ ၍ ယေရုရှလင် မြို့သို့ လာ ကြ၏။
မြန်မာကျမ်းစာ
In The King James Version
Nevertheless divers of Asher and Manasseh and of Zebulun humbled themselves, and came to Jerusalem.
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 30
Cross References
Leviticus 26:41ငါ သည် သူ တို့ကို ဆန့်ကျင် ဘက်ပြု၍ ရန်သူ ပြည် သို့ ပို့ဆောင် သော အကြောင်းများနှင့်တကွ၊ ကိုယ် အပြစ် ၊ ဘိုးဘ တို့ အပြစ် များကို ဘော်ပြ တောင်းပန်လျှင်၎င်း၊ အရေဖျား လှီးခြင်းကို မခံသော မိမိ တို့ နှလုံး ကို နှိမ့်ချ ၍ ၊ မိမိ တို့အပြစ် ကြောင့် ခံရသောဒဏ်ကို ဝန်ခံလျှင်၎င်း၊
2 Chronicles 11:16ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ကို ရှာ လိုသောငှါ ၊ သဘော ချ သောသူတို့သည်လည်း၊ ဣသရေလ ခရိုင် များထဲက ထွက်၍၊ ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား အား ယဇ် ပူဇော်အံ့သောငှါ ၊ လေဝိ သားတို့နောက် သို့လိုက်၍ ၊ ယေရုရှလင် မြို့သို့ ရောက် လာကြ၏။
2 Chronicles 12:12ထိုသို့ရှင်ဘုရင်သည် ကိုယ်ကို နှိမ့်ချ သောအခါ ၊ ထာဝရဘုရား သည် သူ့ ကို ရှင်းရှင်း မ ဖျက်ဆီး မည် အကြောင်း ၊ အမျက် တော်ကို လွှဲ တော်မူ၏။ ယုဒ ပြည်၌ လည်း ၊ ပြည်မှုပြည်ရေးသာယာသဖြင့်၊
2 Chronicles 30:21ယေရုရှလင် မြို့၌ စည်းဝေး သောဣသရေလ အမျိုးသား တို့သည်၊ ခုနစ် ရက် ပတ်လုံးအလွန် ရွှင်လန်း သောစိတ်နှင့် အဇုမ ပွဲ ကိုခံ ကြ၏။ ယဇ်ပုရောဟိတ် လေဝိ သားတို့သည် အသံကျယ်သောတူရိယာမျိုးကို တီးမှုတ်လျက်၊ နေ့ ညဉ့် မပြတ် ထာဝရဘုရား အား ထောမနာ သီချင်းဆိုကြ၏။
2 Chronicles 33:12ထိုသို့မနာရှေ သည် ဆင်းရဲ ဒုက္ခကို ခံရသောအခါ၊ မိမိ ဘုရားသခင် ထာဝရဘုရား ကို တောင်းပန် ၍ ၊ ဘိုးဘေး တို့၏ ဘုရားသခင့် ရှေ့ မှာ ကိုယ်ကိုအလွန် နှိမ့်ချ လျက်၊
2 Chronicles 33:23ခမည်းတော် သည် ထာဝရဘုရား ရှေ့ တော်၌ ကိုယ်ကိုနှိမ့်ချ သကဲ့သို့ မ နှိမ့်ချ ဘဲအထူးသဖြင့် ပြစ်မှား ၏။