ရာဇဝင်ချုပ်ပထမစောင် 30:27
ထိုအခါ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့သည် ထ ၍ လူ များတို့ကို ကောင်းကြီး ပေးကြ၏။ သူ တို့စကား သံကို ဘုရားသခင်ကြား တော်မူ၏။ သန့်ရှင်း သော ကျိန်းဝပ် တော်မူရာ၊ ကောင်းကင် ဘုံသို့ ပဌနာ စကားတက် လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 30
Cross References
Numbers 6:23သင်သည် အာရုန် နှင့် သူ ၏သား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည်၊ ဣသရေလ အမျိုးသား တို့အား ကောင်းကြီး ပေး၍ မြွက် ရသောစကားဟူမူကား ၊
Deuteronomy 26:15ကိုယ်တော် ၏ သန့်ရှင်း သော နေရာ ကောင်းကင်ဘုံ မှ ငုံ့ကြည့် ၍ ၊ ကိုယ်တော် ၏ လူ ဣသရေလ အမျိုးကို၎င်း ၊ ဘိုးဘေး တို့အား ကျိန်ဆို တော်မူသည်အတိုင်း ၊ အကျွန်ုပ် တို့ အား ပေး တော်မူသော ပြည် ၊ နို့ နှင့် ပျားရည် စီး သော ပြည် ကို၎င်းကောင်းကြီး ပေးတော်မူပါဟု လျှောက်ဆိုရမည်။
1 Kings 8:39ဘိုးဘေး တို့အား ပေး သနားတော်မူသော ပြည် ၌ သူ တို့သည် အသက် ရှင်သော ကာလ ပတ်လုံးကိုယ်တော် ကို ကြောက်ရွံ ပါမည်အကြောင်း ၊ ကိုယ်တော် သာလျှင် လူ သတ္တဝါအပေါင်း တို့၏ စိတ် နှလုံးသဘောကို သိ တော်မူ သည်ဖြစ်၍ ၊ ဆုတောင်းသောသူတို့ ၏ စိတ် နှလုံးသဘောကိုသိ လျက်၊ သူတို့အပြစ်ကိုလွှတ် တော်မူပါ။ အသီးအသီး ပြုကြသည်အတိုင်း စီရင် တော်မူပါ။
2 Chronicles 23:18မောရှေ ပညတ္တိ ကျမ်း၌ ပါ သည်အတိုင်း ၊ ထာဝရ ဘုရား အား မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်း၊ ဒါဝိဒ် စီရင် သည်အတိုင်း ၊ ရွှင်လန်း စွာသီချင်းဆိုခြင်းအမှုကို ပြုစေခြင်းငှါ၊ ဗိမာန် တော်၌ ဒါဝိဒ် ခွဲထား သော ယဇ်ပုရောဟိတ် လေဝိ သားတို့သည် ဗိမာန်တော်မှုများကို ဆောင်ရွက်မည် အကြောင်း၊ ယောယဒစီရင်လေ၏။
Isaiah 57:15အကြောင်း မူကား၊ သန့်ရှင်း ခြင်းဟု နာမ ရှိတော် မူထသော၊ အနန္တ ကာလတည်းဟူသောဘုံဗိမာန်၌ စံ တော်မူထသော၊ အထွဋ် အမြတ်ဖြစ်တော်မူသောဘုရားမိန့် တော်မူသည်ကား ၊ ငါသည် မြင့်မြတ်သန့်ရှင်း သော အရပ် ၌နေ ၏။ စိတ် နှိမ့်ချ သောသူနှင့်၊ နှလုံးကြေကွဲ သောသူတို့ ၏စိတ် ဝိညာဉ်အသက် ရှင်စေ ခြင်းငှါ၊ ကြေကွဲ နှိမ့်ချ သောစိတ် သဘောရှိသောသူတို့၌လည်း ငါနေ၏။
Isaiah 66:1ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကောင်းကင် ဘုံသည် ငါ့ ပလ္လင် ဖြစ်၏။ မြေကြီး သည် ငါ့ ခြေ တင် ရာခုံ ဖြစ်၏။ အဘယ်သို့ သော ဗိမာန် ကို ငါ့ အဘို့ တည် ဆောက်ကြမည်နည်း။ အဘယ် အရပ်သည် ငါ ကျိန်းဝပ် ရာအရပ် ဖြစ်မည်နည်း။