ကောရိန္တုဩဝါဒစာဒုတိယစောင် 12:21
အထက် ကပြစ်မှား၍ ညစ်ညူး စွာကျင့်ခြင်း၊ မတရား သောမေထုန်၌ မှီဝဲခြင်း၊ ကိလေသာ လွန်ကျူးခြင်းအမှုတို့ကို ပြုမိ၍၊ ယခုတိုင်အောင်နောင်တ မ ရသော သူအများကြောင့် ငါစိတ်မသာညည်းတွားရသဖြင့်၊ သင် တို့ရှေ့ ၌ ဘုရားသခင် သည် ငါ့ ကိုနှိမ့်ချ တော်မူမည်ဟူ၍၎င်း စိုးရိမ် ခြင်းရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 12
Cross References
Exodus 32:31ထာဝရဘုရား အထံ တော်သို့ ပြန် သွား၍ ၊ အို ဘုရားသခင်၊ ဤ လူ တို့သည် ပြစ်မှား သော အပြစ် ကြီး လှပါ၏။ မိမိ တို့အဘို့ ရွှေ ဘုရား ကို လုပ် ပါပြီ။
Deuteronomy 9:25ထာဝရဘုရား သည် သင် တို့ကို ဖျက်ဆီး မည်ဟု မိန့် တော်မူသောကြောင့် ၊ ငါသည် အရင်ပြပ်ဝပ် သကဲ့သို့၊ အရက် လေးဆယ် ပတ်လုံးပြပ်ဝပ် လျက်နေရ၏။
Ezra 9:3ထို စကား ကို ငါ ကြား လျှင် အတွင်း အဝတ်၊ အပြင် အဝတ်ကို ဆုတ် ၍ ဆံပင် နှင့် မုတ်ဆိတ် ကို နှုတ် ပစ်လျက်၊ မိန်းမော တွေဝေလျက် ထိုင် နေ၏။
Psalms 119:136သူတပါးများတို့သည် တရား တော်ကို မ စောင့် သောကြောင့် ၊ အကျွန်ုပ် မျက်စိ တို့မှ မျက်ရည် သည် မြစ် ရေ ကဲ့သို့စီး ပါ၏။
Jeremiah 13:17သင်တို့သည် နား မ ထောင်ဘဲနေလျှင် မူကား ၊ သင်တို့မာန ကြောင့် ၊ ငါ့ စိတ် ဝိညာဉ်သည် မ ထင်ရှားသော အရပ်၌ ငိုကြွေး မည်။ ထာဝရဘုရား ၏ သိုးစု ကို သိမ်း သွားသောကြောင့် ၊ ငါ့ မျက်စိ လည်း အလွန် ငို ၍ မျက်ရည် ကျ မည်။
Romans 9:2ငါ သည် အလွန် ဝမ်းနည်း ခြင်းရှိ ၏။ စိတ် နှလုံး ထဲ၌ မခြားမလပ် ပူပန် ခြင်းဝေဒနာရှိ၏။