ကောရိန္တုဩဝါဒစာဒုတိယစောင် 13:4
အကြောင်းမူကား ၊ ထိုခရစ်တော်သည် အားနည်း ခြင်းနှင့် လက်ဝါးကပ်တိုင် မှာ အသေခံသော်လည်း၊ ဘုရားသခင် ၏တန်ခိုး တော်နှင့် အသက် ရှင်တော်မူ၏။ ငါ တို့သည်လည်း ခရစ်တော် ၏နည်းတူ အားနည်း သော်လည်း၊ သင် တို့တွင် ပြသော ဘုရားသခင် ၏ တန်ခိုး တော်အားဖြင့် ခရစ်တော် နှင့်အတူ အသက် ရှင်ခြင်း ရှိကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 13
Cross References
Luke 22:43ထိုအခါ ကောင်းကင်တမန် သည် ထင်ရှား လာ၍ ကိုယ်တော် ကို အားပေး ရ၏။
Acts 2:36ထို့ကြောင့် သင် တို့သည်လက်ဝါးကပ်တိုင် မှာ ကွပ်မျက်သောယေရှု ကိုဘုရားသခင် သည် ခရစ်တော် ၌ ၎င်း ၊ အစိုးရသောအရှင် အရာ၌၎င်း ခန့်ထား တော်မူသည်အကြောင်း ကို ဣသရေလ အမျိုးသား အပေါင်း တို့ အတပ် အမှန် သိမှတ် ကြလော့ဟု ပေတရုဟောလေ၏။
Acts 4:10သင် တို့သည် လက်ဝါးကပ်တိုင် မှာကွပ်မျက်၍၊ ဘုရားသခင် သည် သေ ခြင်းမှ ထမြောက် စေတော်မူသော နာဇရက် မြို့သားယေရှု ခရစ် ၏ နာမ တော်အားဖြင့် ဤ သူ သည် သင် တို့မျက်မှောက် ၌ကျန်းမာ လျက် ရှိသည်ကို သင် တို့မှစ၍ ဣသရေလ လူ အပေါင်း တို့ သိမှတ် ကြလော့။
Romans 6:4ထိုကြောင့် ၊ အသေခံ တော်မူခြင်း၌ ဗတ္တိဇံ ကို ခံသောအားဖြင့် ၊ ထိုသခင် နှင့်အတူသင်္ဂြိုဟ် ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော် သည် ခမည်းတော် ၏ ဘုန်း တန်ခိုးအားဖြင့် သေခြင်းမှ ထမြောက် တော်မူသည်နည်းတူ ၊ ငါ တို့သည်လည်း အသစ် သောအသက် ၌ ကျင်လည် ရကြသတည်း။
Romans 14:9အကြောင်းမူကား ၊ ခရစ်တော် သည်၊ သေ သော သူတို့ကို၎င်း ၊ ရှင် သောသူတို့ကို၎င်း၊ အစိုးရသောအရှင် ဖြစ်လိုသောငှာ အသေခံ ၍ ၊ ခံပြီးမှအသက် ရှင်ပြန် တော်မူ၏။
1 Corinthians 15:43စိုက် သောအခါဂုဏ် အသရေပျက်၏။ ထမြောက် သောအခါ ဂုဏ် အသရေနှင့် ပြည့်စုံ၏။ စိုက် သောအခါ အစွမ်း မရှိ။ ထမြောက် သောအခါ အစွမ်း နှင့်ပြည့်စုံ၏။