The Bible Software
ကောရိန္တုဩဝါဒစာဒုတိယစောင် · မြန်မာကျမ်းစာ

ကောရိန္တုဩဝါဒစာဒုတိယစောင် 13

1ဤ တတိယ အကြိမ်တွင် သင် တို့ဆီသို့ ငါလာ မည်ဖြစ်၍၊ သက်သေခံ နှစ် ဦးသုံး ဦးအားဖြင့် စကား ရှိသမျှ တို့သည် တည် ရလိမ့်မည်။

2တဖန် ငါရောက်လာ လျှင် သင်တို့ကိုမ သနား ရဟု ပြစ်မှားသော သူမှစ၍ ကြွင်း သောသူ အပေါင်း တို့အား အထက် က ငါပြောသည်သာမက၊ ယခုပင် သင်တို့နှင့်အတူမ ရှိသော်လည်း ၊ တဖန်ရှိ ဘိသကဲ့သို့ ငါပြော နှင့်၏။

3သင် တို့တွင် အားနည်း တော်မ မူ၊ အားကြီး တော်မူသော ခရစ်တော် သည် ငါ ၌ ဗျာဒိတ် ပြတော်မူခြင်းသက်သေ ကို သင်တို့သည် ရှာ သောကြောင့်၊ ငါရောက်လာသောအခါ မသနားရ။

4အကြောင်းမူကား ၊ ထိုခရစ်တော်သည် အားနည်း ခြင်းနှင့် လက်ဝါးကပ်တိုင် မှာ အသေခံသော်လည်း၊ ဘုရားသခင် ၏တန်ခိုး တော်နှင့် အသက် ရှင်တော်မူ၏။ ငါ တို့သည်လည်း ခရစ်တော် ၏နည်းတူ အားနည်း သော်လည်း၊ သင် တို့တွင် ပြသော ဘုရားသခင် ၏ တန်ခိုး တော်အားဖြင့် ခရစ်တော် နှင့်အတူ အသက် ရှင်ခြင်း ရှိကြလိမ့်မည်။

5သင်တို့သည်ယုံကြည် ခြင်း၌ တည် သလော၊ မတည်လောဟု ကိုယ်ကိုကိုယ် စစ်ကြော ကြလော့။ ကိုယ်ကိုကိုယ် စုံစမ်း ကြလော့။ အစစ် မခံနိုင်သော သူမမှန် လျှင် ၊ ယေရှု ခရစ် သည် သင် တို့၌ တည်တော်မူသည်ဟု ကိုယ် အကြောင်းကိုယ်မ သိ ကြလော။

6ငါ တို့သည် အစစ် ခံနိုင်သောသူဖြစ် သည်ကိုသင်တို့သိ ကြလိမ့်မည်ဟု ငါထင်မှတ် မြော်လင့်ခြင်းရှိ၏။

7ငါ တို့သည် အစစ် ခံနိုင်ကြောင်း ကို ထင်ရှား စေခြင်းငှာငါအလိုရှိသည်မ ဟုတ်။ အစစ် မခံနိုင်သော သူကဲ့သို့ ထင် သော်လည်း၊ သင် တို့သည် ကောင်းမွန် စွာ ကျင့် စေခြင်းငှာ ၊ မကောင်း သောအကျင့်တစ်စုံတစ်ခု ကိုမျှ မ ကျင့် မည်အကြောင်း၊ ငါသည် ဘုရားသခင် ကို ဆုတောင်း ပဌနာပြု၏။

8ငါတို့သည်သမ္မာတရား ကို ဆီးတား ခြင်းငှာ အလျှင်း မ တတ်နိုင် ကြ။

9သမ္မာတရား ဘက်၌နေ၍သာ တတ်နိုင်ကြ၏။ ငါ တို့သည်အားနည်း ၍ သင် တို့သည်အားကြီး သောအခါ ၊ ငါတို့သည် ဝမ်းမြောက် ခြင်းရှိ ကြ၏။ သင် တို့သည် စုံလင် မည်အကြောင်းကိုသာ အလိုရှိကြ၏။

10ထိုကြောင့် ပယ်ရှင်း ဖျက်ဆီးခြင်းအလိုငှာ မ ဟုတ်၊ တည်ဆောက် ခြင်းအလိုငှာ သခင် ဘုရားသည် ငါ ၌ အပ်ပေး တော်မူသောတန်ခိုး ရှိသည်အတိုင်း ငါသည် ရောက်လာ သောအခါ ပြင်းစွာ သောဒဏ်ကို မ ပေး လို၍၊ ယခုသင်တို့နှင့် ကွာဝေး သေးသည်ကာလ ဤသို့ ငါရေး လိုက်၏။

11ကြွင်း သေးသောစကားဟူမူကား၊ ညီအစ်ကို တို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင် ခြင်း၊ သက်သာ ဝမ်းမြောက် ခြင်းရှိကြလော့။ စိတ် တညီတညွတ် တည်းဖြစ်၍၊ အချင်းချင်းအသင့်အတင့် နေကြလော့။ သို့ဖြစ်၍ မေတ္တာ ကို၎င်း ၊ အသင့်အတင့် နေခြင်း ချမ်းသာကို၎င်း ပေးတော်မူသော ဘုရားသခင် သည် သင် တို့နှင့်အတူ ရှိ တော်မူလတံ့။

12အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်း သော နမ်း ခြင်းနှင့် နှုတ်ဆက် ကြလော့။

13သန့်ရှင်း သူအပေါင်း တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။

14သခင် ယေရှု ခရစ် ၏ ကျေးဇူး တော်၎င်း ၊ ဘုရားသခင် ၏ မေတ္တာ တော်၎င်း၊ သန့်ရှင်း သော ဝိညာဉ် တော်၏ မိဿဟာယ တော်၎င်း၊ သင် တို့အပေါင်း ၌ ရှိစေသတည်း။ အာမင်။

← ကောရိန္တုဩဝါဒစာဒုတိယစောင် 12Read In The App, Free →Galatians 1 →

Study ကောရိန္တုဩဝါဒစာဒုတိယစောင် 13

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word PicturesReina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213