ကောရိန္တုဩဝါဒစာဒုတိယစောင် 6:13
ငါတို့ကျေးဇူးကိုဆပ် ခြင်းအလို့ငှာ ကျယ်ဝန်း သောစိတ် ရှိကြလော့။ ထိုသို့ဆိုသော်ကိုယ်သား တို့ကို ဆိုသကဲ့သို့ ငါဆို ၏။
မြန်မာကျမ်းစာ
In The King James Version
Now for a recompence in the same, (I speak as unto my children,) be ye also enlarged.
In Context
12ငါ တို့၌ သင်တို့သည် ကျဉ်းမြောင်း သည် မ ဟုတ်။ ကိုယ် မေတ္တာ ကရုဏာ၌ သာ ကျဉ်းမြောင်း ကြ၏။
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 6
Cross References
Psalms 81:10ငါ သည်သင့် ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ်ဆောင် ယူခဲ့ပြီးသောသင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။ သင် ၏နှုတ် ကို ကျယ်ကျယ်ဖွင့် လော့။ ဝပြော စွာ ကျွေး မည်။
Matthew 17:19ထိုအခါ တပည့် တော်တို့သည် ဆိတ်ကွယ် ရာအရပ်၌ ယေရှု ထံတော်သို့ချဉ်းကပ် ၍၊ အကျွန်ုပ် တို့သည် ထိုနတ်ဆိုး ကိုအဘယ်ကြောင့် မ နှင်ထုတ် နိုင် ပါသနည်းဟု လျှောက် ကြသော်၊
Mark 11:24ထို့ကြောင့် ငါဆို သည်ကား၊ သင် တို့သည် ကျေးဇူးကိုရ မည်ဟု ယုံကြည် သောစိတ်နှင့် ဆုတောင်း သမျှ တို့ကို ရ ကြလိမ့်မည်။”
Galatians 4:12ညီအစ်ကို တို့၊ သင် တို့ကဲ့သို့ ငါ ဖြစ်၏။ ငါ ကဲ့သို့ သင်တို့ဖြစ် ကြလောဟု ငါတောင်းပန် ၏။ သင်တို့သည် ငါ့ ကိုအလျှင်း မပြစ်မှား ကြ။
1 Thessalonians 2:11ဘ သည် မိမိ သား တို့ကို ပြုသကဲ့သို့ ငါတို့သည် သင် တို့ရှိသမျှ ကို အဘယ်သို့ တိုက်တွန်း သွေးဆောင်၍ မှာထားသည်ကို သင်တို့သိ ကြသည်နှင့်အညီ ၊ ယုံကြည် ခြင်းသို့ရောက်သော သင် တို့တွင် ငါတို့သည် အဘယ်သို့ သန့်ရှင်း ဖြောင့်မတ် လျက် ၊ အပြစ်တင် ခွင့်နှင့် ကင်းလွတ်လျက် နေ ကြသည်ကို သင် တို့သည် သက်သေ ဖြစ်ကြ၏။
James 1:6သို့ရာတွင် တွေးတော ခြင်းမ ရှိဘဲယုံကြည် သောစိတ်နှင့် တောင်း ရမည်။ တွေးတော ခြင်းရှိသော သူ သည် ကား ၊ လေ ခတ် ၍ လှုပ်ရှားတတ်သော လှိုင်း တံပိုးနှင့်တူ ၏။