The Bible Software
ကောရိန္တုဩဝါဒစာဒုတိယစောင် · မြန်မာကျမ်းစာ

ကောရိန္တုဩဝါဒစာဒုတိယစောင် 6

1သင် တို့သည် ဘုရားသခင် ၏ကျေးဇူး တော်ကို အကျိုးမဲ့ မ ခံ ကြနှင့်ဟု ငါတို့သည် အမှု တော်ကို ဆောင်ရွက်သောသူချင်းဖြစ်၍သင်တို့ကို နှိုးဆော်သွေးဆောင် ကြ၏။

2ဗျာဒိတ် တော် အချက်ဟူမူကား ၊ နှစ်သက် ဖွယ်သောအချိန် ၌ သင် ၏စကားကို ငါနားထောင် ပြီး။ ကယ်တင် ရာနေ့ရက် ကာလ၌ သင့် ကို ငါမစ ပြီဟု လာသည်နှင့်အညီယခုပင် နှစ်သက် ဖွယ်သောအချိန် ရှိ၏။ ယခုပင် ကယ်တင် ရာ နေ့ရက် ကာလရှိ ၏။

3တရား ဟောခြင်းအခွင့်အရာကို အပြစ်တင် ခြင်းနှင့် ကင်းလွတ် စိမ့်သောငှာ ၊ ထိမိ ၍လဲစရာအကြောင်း တစ်စုံတစ်ခု ကို မျှ မပြု ။

4ညှင်းဆဲခံခြင်း ၊ ဆင်းရဲ ခြင်း၊ မလွတ်နိုင်သော ဘေးဥပဒ် နှင့်တွေ့ခြင်း၊

5အရိုက်အပုတ် ခံခြင်း၊ ထောင် ထဲ၌နေခြင်း၊ သူတစ်ပါးရုန်းရင်းခတ် ပြုခြင်း၊ အမှုကိုလုပ်ဆောင်ခြင်း ၊ မအိပ်ဘဲစောင့် နေခြင်း၊ မွတ်သိပ် ခြင်းကို အလွန် သည်းခံ လျက်၊

6စိတ်နှလုံးစင်ကြယ် ခြင်း၊ ပညာရှိ ခြင်း၊ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ သန့်ရှင်း သော ဝိညာဉ် တော်ကို ခံခြင်း၊ ချစ် ယောင်မဆောင် အမှန်ချစ်ခြင်း၊

7သမ္မာတရား ကိုဟော ခြင်း ဘုရားသခင် ၏ တန်ခိုး တော်ကိုပြခြင်း၊ ဖြောင့်မတ် သောအကျင့်တည်းဟူသောလက်နက် များကို လက်ျာဘက် လက်ဝဲ ဘက်၌ ဝတ်ဆောင်ခြင်းအားဖြင့်၎င်း ၊

8အသရေ ထင်ရှားခြင်းနှင့် ရှုတ်ချ ခြင်း၊ ချီးမွမ်း ခြင်းနှင့် ကဲ့ရဲ့ ခြင်းကို ခံသဖြင့်၎င်း ၊ လှည့်စား သောသူ ကဲ့သို့ ဖြစ်သော်လည်း ၊ ဟုတ်မှန် သောသူ၊

9အဘယ်သူမျှမ သိသော သူကဲ့သို့ ဖြစ်သော်လည်း ကျော်စော သောသူ၊ အသေခံ သောသူကဲ့သို့ ဖြစ်သော်လည်း ၊ အသက် ရှင်သောသူ၊ ဆုံးမ ခြင်းကိုခံသောသူကဲ့သို့ ဖြစ်သော်လည်း ၊ အသေ သတ်ခြင်းနှင့်ကင်းလွတ် သောသူ၊

10ဝမ်းနည်း သောသူကဲ့သို့ ဖြစ်သော်လည်း ၊ အစဉ် ဝမ်းမြောက် သောသူ၊ ဆင်းရဲ သောသူကဲ့သို့ ဖြစ်သော်လည်း ၊ လူအများ ကိုရ တတ်စေသောသူ၊ ဥစ္စာတစ်စုံတစ်ခု ကိုမျှ မပိုင် သောသူကဲ့သို့ ဖြစ်သော်လည်း ၊ အလုံးစုံ သော သူတို့ကိုပိုင် သောသူဖြစ်သဖြင့်၎င်း ၊ ဘုရားသခင် ခန့်ထား တော်မူသော ဓမ္မဆရာ မှန်ကြောင်းကို အရာရာ ၌ ထင်ရှား စွာပြ၏။

11အချင်းကောရိန္သု လူတို့၊ ငါ တို့နှုတ် သည် သင် တို့အား ဖွင့် လျက်ရှိ၏။ စိတ် နှလုံးသည်လည်း ကျယ်ဝန်း ၏။

12ငါ တို့၌ သင်တို့သည် ကျဉ်းမြောင်း သည် မ ဟုတ်။ ကိုယ် မေတ္တာ ကရုဏာ၌ သာ ကျဉ်းမြောင်း ကြ၏။

13ငါတို့ကျေးဇူးကိုဆပ် ခြင်းအလို့ငှာ ကျယ်ဝန်း သောစိတ် ရှိကြလော့။ ထိုသို့ဆိုသော်ကိုယ်သား တို့ကို ဆိုသကဲ့သို့ ငါဆို ၏။

14မယုံကြည် သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုး ကို မ ထမ်း ကြနှင့်။ တရား သော အမှုသည် မတရား သောအမှုကို အဘယ်သို့ လက်ခံ နိုင်မည်နည်း။ အလင်း သည်မှောင်မိုက် နှင့် အဘယ်သို့ ဆက်ဆံ နိုင်မည်နည်း။

15ခရစ်တော် သည်ဗေလျာလ နှင့် အဘယ်သို့ သင့်တင့် နိုင်မည်နည်း။ ယုံကြည် သောသူသည် မယုံကြည် သောသူနှင့်အတူ အဘယ် အကျိုးအပြစ် ကို ခံရမည်နည်း။

16ဘုရားသခင် ၏ဗိမာန် တော်သည် ရုပ်တု တို့နှင့် အဘယ်သို့ စပ်ဆိုင် ရမည်နည်း။ ဘုရားသခင် မိန့် တော်မူသည်ကား၊ သူ တို့တွင် ငါကျိန်းဝပ် မည်။ သူတို့တွင်လှည့်လည် ၍ သူ တို့၏ဘုရားသခင် ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏လူ ဖြစ် ကြလိမ့်မည်ဟု မိန့်တော်မူသည်နှင့်အညီ၊ သင်တို့သည် အသက် ရှင်တော်မူသော ဘုရားသခင် ၏ ဗိမာန် တော်ဖြစ် ကြ၏။

17ထိုကြောင့် ၊ ထာဝရ ဘုရားမိန့် တော်မူပြန်သည်ကား၊ သင်တို့သည်ထိုသူ တို့အထဲ မှ ထွက် ၍ အသီးအခြား နေကြလော့။ မ စင်ကြယ်သောအရာကိုလက်နှင့်မျှ မတို့ ကြနှင့်။ ထိုသို့ပြုလျှင်သင် တို့ကိုငါ သည် လက်ခံ မည်။

18သင် တို့၏အဘ ဖြစ် မည်။ သင် တို့သည်လည်း ငါ ၏သား သမီး ဖြစ် ကြလိမ့်မည်ဟု အနန္တ တန်ခိုးနှင့် ပြည့်စုံသောထာဝရ ဘုရား မိန့် တော်မူ၏။

← ကောရိန္တုဩဝါဒစာဒုတိယစောင် 5Read In The App, Free →ကောရိန္တုဩဝါဒစာဒုတိယစောင် 7 →

Study ကောရိန္တုဩဝါဒစာဒုတိယစောင် 6

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word PicturesReina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213