1 ဓမ္မရာဇဝင်တတိယစောင် 21:12
ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိတင်းကြား သော သူ တိုင်း နား နှစ်ဘက် ခါး စေခြင်းငှါငါ သည် ယေရုရှလင် မြို့၊ ယုဒ ပြည် ၌ ဘေး ရောက် စေမည်
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 21
Cross References
1 Samuel 3:11ထာဝရဘုရား က၊ သိတင်းကြား သောသူ တိုင်း နား နှစ် ဘက်ခါး စေခြင်းငှါ ငါ သည် ဣသရေလ အမျိုး၌ တစုံတခု ကိုပြု မည်။
Isaiah 24:5ပြည်သား တို့သည် တရား တော်ကို လွန်ကျူး ခြင်း၊ အမိန့် တော်ကို ပြောင်းလဲ ခြင်း၊ ထာဝရ သစ္စာ တော်ကို ဖျက် ခြင်းအကြောင်းကြောင့် ၊ ပြည် တော်သည် ညစ်ညှုး ခြင်းရှိ ၏။
Jeremiah 19:3အိုယုဒ ရှင် ဘုရင်များနှင့် ယေရုရှလင် မြို့သား များတို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့ ။ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိတင်း ကြား သောသူတိုင်း နား ခါး သည်တိုင်အောင်၊ ငါ သည် ဤ အရပ် ၌ ဘေး ရောက် စေမည်။
Amos 3:2မြေကြီး ပေါ်မှာနေသောအမျိုးသား အပေါင်း တို့တွင် သင် တို့တမျိုး တည်းကိုသာ ငါလက်ခံ သောကြောင့် ၊ သင် တို့အပြစ် ရှိသမျှ တို့ကို ငါစစ်ကြော မည်။
Matthew 24:21အကြောင်းမူကား ၊ ကမ္ဘာ ဦး မှစ၍ ယခု တိုင်အောင် မ ဖြစ် စဖူး၊ နောက်၌လည်း မ ဖြစ် လတံ့သော ကြီးစွာ သော ဒုက္ခ သည် ထိုကာလ၌ဖြစ် လိမ့်မည်။
Revelation 6:15လောကီ ဘုရင် ၊ မှူးမတ် ၊ စစ်သူကြီး ၊ သူဌေး ၊ သူကြွယ်၊ ခွန်အား ကြီးသောသူ မှစ၍ ကျွန် များ၊ လူ လွတ် များအပေါင်း တို့သည် မြေတွင်း ၌ ၎င်း ၊ တောင် ပေါ်မှာရှိသော ကျောက် များ၌ ၎င်း၊ ပုန်းရှောင် လျက်နေ၍၊ ထိုတောင် များ၊ ကျောက် များတို့ကို ခေါ် လျက် ၊