The Bible Software
1 ဓမ္မရာဇဝင်တတိယစောင် · မြန်မာကျမ်းစာ

1 ဓမ္မရာဇဝင်တတိယစောင် 21

1မနာရှေ သည် အသက် တဆယ် နှစ် နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ ငါးဆယ် ငါး နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ ဟဇ္ဇိဘ အမည် ရှိ၏

2ထိုမင်းသည် ဣသရေလ အမျိုးသား ရှေ့ မှ ထာဝရဘုရား နှင်ထုတ် တော်မူသော တပါးအမျိုးသား ရွံရှာ ဘွယ်ထုံးစံအတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏

3ခမည်းတော် ဟေဇကိ ဖျက်ဆီး သော ကုန်း တို့ကို ပြုပြင် ၍ ၊ ဣသရေလ ရှင်ဘုရင် အာဟပ် ပြု သကဲ့သို့ ဗာလ အဘို့ ယဇ် ပလ္လင်တို့ကို တည် ၏။ အာရှရ ပင်ကိုလည်း ပြုစု ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကိုလည်း ဝတ်ပြု ကိုးကွယ်၏

4ယေရုရှလင် မြို့၌ ငါ့ နာမ ကိုငါ တည်စေမည်ဟု ထာဝရဘုရား မိန့် တော်မူသောမြို့၊ ဗိမာန် တော်၌ ယဇ် ပလ္လင် တည်းဟူသော၊ “

5ဗိမာန် တော်တန်တိုင်း နှစ် ရပ်တွင် မိုဃ်း ကောင်းကင်တန်ဆာ များ အဘို့ ယဇ် ပလ္လင်တို့ကိုတည် ၏

6မိမိ သား ကို မီး ဖြင့် ပူဇော် ၏။ ကာလ ဗေဒင်ကို ကြည့်တတ်၏။ ပြုစား သော အတတ်ကို သုံးဆောင်၍ စုန်း နှင့် နတ်ဝင် တို့ကိုလည်း အခွင့် ပေး၏။ ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်ခြင်းငှါ ရှေ့ တော်၌ များစွာ သော ဒုစရိုက် ကိုပြု ၏

7ဤ ဗိမာန် ၌ ၎င်း ၊ ဣသရေလ ခရိုင် များတို့တွင် ငါရွေးကောက် သော ယေရုရှလင် မြို့၌ ၎င်း၊ ငါ့ နာမ ကို အစဉ် အမြဲငါ တည်စေမည်ဟု ထာဝရဘုရား သည် ဒါဝိဒ် နှင့် သား တော်ရှောလမုန် အား မိန့် တော်မူရာ ၌၊ ရည်ဆောင် သော ဗိမာန် တော်ထဲမှာ မိမိပြုစုသော အာရှရ ပင်နှင့် တူအောင် လုပ် သော ရုပ်တု ကို တင် ထား၏

8ငါမှာ ထားသမျှ အတိုင်း ငါ့ ကျွန် မောရှေ မှာ ထား သမျှ သော တရား အတိုင်း ဣသရေလ အမျိုးသားတို့သည် ကျင့် ခြင်းငှါ စောင့်ရှောက် လျှင် ၊ သူ တို့ဘိုးဘေး တို့အား ငါပေး သော ပြည် မှ သူတို့ကို နောက် တဖန် ငါမ ရွှေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊”

9သူတို့သည် နား မ ထောင်၊ ဣသရေလ အမျိုးသား တို့ရှေ့ မှာ ထာဝရဘုရား ဖျက်ဆီး တော်မူသော လူမျိုး တို့ ပြုသည်ထက် သာ၍ဒုစရိုက် ကိုပြု စေခြင်းငှါ မနာရှေ သည် သွေးဆောင် လေ၏

10ထိုကြောင့် ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် တို့ဖြင့် မိန့် တော်မူသည်ကား၊”

11ယုဒ ရှင်ဘုရင် မနာရှေ သည် သူ့ ရှေ့ မှာ ဖြစ်ဘူး သော အာမောရိ လူတို့ပြု သမျှ ထက် သာ၍ရွံရှာဘွယ် သော ဤ ဒုစရိုက် တို့ကို ပြုသောကြောင့် ၎င်း ၊ မိမိ ရုပ်တု ဆင်းတုအားဖြင့် ယုဒ အမျိုးကို ပြစ်မှား စေသောကြောင့် ၎င်း၊”

12ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိတင်းကြား သော သူ တိုင်း နား နှစ်ဘက် ခါး စေခြင်းငှါငါ သည် ယေရုရှလင် မြို့၊ ယုဒ ပြည် ၌ ဘေး ရောက် စေမည်

13ယေရုရှလင် မြို့ အပေါ် မှာ ရှမာရိ မျဉ်းကြိုး နှင့် အာဟပ် အမျိုး ၏ ချိန်ကြိုး ကို ငါတန်းချ မည်။ ပုကန် ကို သုတ် ၍ သုတ် ပြီးမှ မှောက် ထားသကဲ့သို့ ယေရုရှလင် မြို့ကို ငါပြု မည်

14ကျန်ကြွင်း သောငါ့ အမွေ လူတို့ကိုငါစွန့် ၍ ရန်သူ လက် သို့ အပ် သဖြင့် ၊ သူ တို့သည်ရန်သူ အပေါင်း တို့၏ လုယက် နှိပ်စက် ရာ ဖြစ် ကြလိမ့်မည်

15အကြောင်း မူကား ဘိုးဘေး တို့သည် အဲဂုတ္တု ပြည်က ထွက် သော နေ့ မှစ၍ ယနေ့ တိုင်အောင် အစဉ် အဆက်တို့သည် ငါ့ ရှေ့ မှာ ဒုစရိုက် ကို ပြု ၍ ငါ့ အမျက် ကို နှိုးဆော်ကြပြီဟု မိန့်တော်မူ၏

16မနာရှေ သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ယုဒ အမျိုးကို ပြစ်မှား စေသော အပြစ် မှတပါး အပြစ် မရှိသော သူအများတို့ကိုသတ် ၍ ယေရုရှလင် မြို့တဘက် မှ တဘက် တိုင်အောင် သူတို့အသွေး နှင့် ပြည့် စေခြင်းငှါပြု၏

17မနာရှေ ပြုမူသော အမှု အရာ ကြွင်း လေသမျှ တို့နှင့် ပြစ်မှား သော အပြစ် တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏

18မနာရှေ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဩဇ ဥယျာဉ် တည်းဟူသော မိမိ အိမ် နှင့်ဆိုင်သော ဥယျာဉ် ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာမုန် သည် ခမည်းတော် အရာ ၌ နန်းထိုင် ၏

19အာမုန် သည် အသက် နှစ်ဆယ် နှစ် နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ နှစ် နှစ် စိုးစံ လေ၏။ မယ်တော် ကား ယုပ္ဘါ မြို့သူဟာရုပ် သမီး မေရှုလမက် အမည် ရှိ၏

20ထိုမင်း သည် ခမည်းတော် မနာရှေ ပြု သကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏

21ခမည်းတော် လိုက် သမျှ သော လမ်း သို့ လိုက် ၏။ ခမည်းတော် ဝတ်ပြု သော ရုပ်တု ဆင်းတုတို့ကို ဝတ်ပြု ကိုးကွယ်၏

22ဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား ကို စွန့် ၍ ထာဝရဘုရား ၏ လမ်း တော်ကို လွှဲရှောင် ၏

23မိမိ ကျွန် တို့သည် သင်းဖွဲ့ ၍ ရှင် ဘုရင်ကို နန်းတော် ၌ လုပ်ကြံ ကြ၏

24အာမုန် မင်းကြီး တဘက် ၌ သင်းဖွဲ့ သောသူ အပေါင်း တို့ကို ပြည်သူ ပြည်သားတို့သည် ကွပ်မျက် ၍ သား တော်ယောရှိ ကို ခမည်းတော် အရာ ၌ နန်းတင် ကြ၏

25အာမုန် ပြုမူသော အမှု အရာ ကြွင်း လေသမျှတို့ သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏

26ဩဇ ဥယျာဉ် တွင် မိမိ သင်္ချိုင်း တွင်း၌ သင်္ဂြိုဟ် ခြင်းကိုခံ၍ ၊ သား တော်ယောရှိ သည် ခမည်းတော် အရာ ၌ နန်းထိုင် ၏

← 1 ဓမ္မရာဇဝင်တတိယစောင် 20Read In The App, Free →1 ဓမ္မရာဇဝင်တတိယစောင် 22 →

Study 1 ဓမ္မရာဇဝင်တတိယစောင် 21

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425