1 ဓမ္မရာဇဝင်တတိယစောင် 21:13
ယေရုရှလင် မြို့ အပေါ် မှာ ရှမာရိ မျဉ်းကြိုး နှင့် အာဟပ် အမျိုး ၏ ချိန်ကြိုး ကို ငါတန်းချ မည်။ ပုကန် ကို သုတ် ၍ သုတ် ပြီးမှ မှောက် ထားသကဲ့သို့ ယေရုရှလင် မြို့ကို ငါပြု မည်
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 21
Cross References
1 Kings 21:21ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့် အပေါ် သို့ ဘေးဥပဒ် ရောက် စေမည်။ ဣသရေလ မြို့ရွာ၌ ချုပ်ထား သောသူဖြစ်စေ ၊ အလွတ် ပြေးသောသူဖြစ်စေ၊ အာဟပ် အမျိုး ယောက်ျား များကိုပယ်ဖြတ် မည်။
2 Kings 10:11ယေဇရေလ မြို့၌ ကျန်ကြွင်း သော အာဟပ် အမျိုးသား အပေါင်း တို့နှင့် သူ ၏ လူကြီးပေါက်ဘော်၊ ယဇ်ပုရောဟိတ် အပေါင်း တို့ကို တယောက် မျှမ ကျန် စေဘဲ သတ် လေ၏
Isaiah 10:22အိုဣသရေလ အမျိုး ၊ သင်၏အမျိုးသားတို့သည် သမုဒ္ဒရာ သဲလုံး နှင့် အမျှ များသော်လည်း ၊ ကြွင်း သောသူတို့ သာလျှင် ပြန် လာကြလိမ့်မည်။ စီရင် ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်း ခြင်းသည် တရား သဖြင့် လွှမ်းမိုး ရ လိမ့်မည်။
Isaiah 28:17တရား မှုကို ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်း ကို မျဉ်း ကြိုးနှင့် မှန်ထုပ် အားဖြင့်ငါ ပြုမည်။ မိုဃ်းသီး ရွာ၍ ကိုးစား ရာ မုသာ ကို ပယ်ရှား လိမ့်မည်။ ပုန်း ကွယ် ရာအရပ်ကိုလည်း ရေ လွှမ်းမိုး လိမ့်မည်။
Jeremiah 25:9ဤ ပြည် နှင့် ပြည် သား များကို၎င်း၊ ပတ်ဝန်းကျင် ၌ရှိသောလူအမျိုးမျိုး တို့ကို၎င်းစစ်တိုက်စေခြင်းငှါ၊ ငါ ၏ ကျွန် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အစရှိသော မြောက် ပြည်သား အမျိုးမျိုး အပေါင်းတို့ကို ငါ မှာ လိုက်၍ ဆောင် ခဲ့ပြီးလျှင်၊ ရှင်းရှင်းဖျက်ဆီး ၍ ၊ ဤ ပြည်သား တို့ကို အံ့ဩ ဘွယ်ရာ၊ ကဲ့ရဲ့ သံကိုကြားရာ၊ အစဉ် အမြဲလူဆိတ်ညံ ရာ ဖြစ် စေမည်။
Ezekiel 23:31သင်သည် အစ်မ လိုက်သော လမ်း ကိုလိုက် သောကြောင့် ၊ သူ သောက်သော ခွက် ကို သင့် လက် ၌ ငါထား မည်။