1 ဓမ္မရာဇဝင်ပထမစောင် 20:13
ထိုသို့ လမ်းမ က ရွေ့ ပြီးမှ၊ လူ အပေါင်း တို့သည် ယွာဘ နှင့်အတူ ဗိခရိ သား ရှေဘ ကို လိုက်သွား ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 20
Cross References
Numbers 20:19ဣသရေလ အမျိုးသား တို့ကလည်း ၊ မင်း လမ်းသို့ သာ ရှောက် လိုက်ပါမည်။ ကိုယ်တိုင် မှစ၍တိရစ္ဆာန် တို့ သည် ကိုယ်တော့် ရေ ကို သောက် လျှင် အဘိုး ကိုပေး ပါမည်။ အခြားသောအမှု ကို မ ပြုဘဲ၊ ခြေ ဖြင့် သွား ရုံမျှသာ ပြုပါမည်ဟု ဆို သော်လည်း၊
1 Samuel 6:12နွားမ တို့သည် ဗက်ရှေမက် လမ်း သို့ တည့်တည့် လိုက်၍ မြည်တွန်လျက် သွားကြ၏။ လက်ျာ ဘက် လက်ဝဲ ဘက်သို့မ လွှဲ လမ်းမ သို့သာ လိုက် ကြ၏။ ဖိလိတ္တိ မင်း တို့သည် ဗက်ရှေမက် မြို့နယ် တိုင်အောင် လိုက် ကြ၏။
2 Kings 18:17နောက် တဖန် အာရှုရိ ရှင် ဘုရင်သည် တာတန် ၊ ရာဗသာရိတ် ၊ ရာဗရှာခ တို့ကို များစွာ သော ဗိုလ်ခြေ နှင့်တကွ လာခိရှ မြို့မှ ယေရုရှလင် မြို့၊ ဟေဇကိ မင်းကြီး ထံသို့ စေလွှတ် သဖြင့် ၊ သူတို့သည်ရောက် သောအခါ ၊ ခဝါသည် ၏ လယ် နားမှာရှောက်သောလမ်း ၊ အထက် ရေကန် ပြွန်ဝ ၌ ရပ် နေကြ၏
Isaiah 7:3ထိုအခါ ထာဝရဘုရား သည် ဟေရှာယ ကို မိန့် တော်မူသည်ကား၊ သင်သည်သင် ၏သား ရှာယာရှုပ် နှင့် အတူသွား၍၊ ခဝါသည် ၏ လယ် နားမှာ ရှောက်သော လမ်း ၊ အထက် ရေကန် ပြွန် ဝ ၌ အာခတ် မင်းကို ကြိုဆို ၍ တွေ့လျှင်၊ ဆင့် ဆိုရမည်မှာ၊
Isaiah 62:10မြို့တံခါး မှ ထွက် ကြ။ ထွက် ကြ။ လူ များဘို့လမ်း ကို ပြင် ကြ။ မြေဖို့ ကြ။ ဖို့ ကြ။ ကျောက် များကို ပယ်ရှင်း ကြ။ လူ များဘို့ အလံ ကို ထူ ကြ။
Mark 10:46ယေရိခို မြို့သို့ ရောက် ကြလျှင် ၊ တပည့် တော်တို့မှစ၍ များစွာ သောလူ အပေါင်းတို့နှင့်တကွ ထိုမြို့ မှ ထွက်ကြွ တော်မူစဉ်တွင်၊ တိမဲ ၏သား ဗာတိမဲ အမည်ရှိသော လူကန်း သည် လမ်း နား မှာထိုင် ၍ တောင်းစား လေ ၏။