တိမောသေဩဝါဒစာဒုတိယစောင် 1:5
နေ့ညဉ့်မပြတ်ဆုတောင်း ပဌနာပြုသည်တွင်၊ သင့်ကိုမခြားမလပ် အောက်မေ့သည်ဖြစ်၍၊ ငါ့ဘိုးဘေးကိုးကွယ်သည်အတိုင်း၊ ကိုယ်ကိုကိုယ်သိသော စိတ်စင်ကြယ်ခြင်းနှင့်တကွ ငါကိုးကွယ်သော ဘုရား သခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်း၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of တိမောသေဩဝါဒစာဒုတိယစောင် 1
Cross References
Psalms 17:1အိုထာဝရဘုရား၊ တရားသော ဘက်မှာနေ၍ အကျွန်ုပ်အော်ဟစ်ခြင်းကို မှတ်တော်မူပါ။ မလှည့်စား တတ်သော နှုတ်နှင့် ဆုတောင်းသော ပဌနာစကားကို နားထောင်တော်မူပါ။
Psalms 22:10အကျွန်ုပ်သည် ဘွားကတည်းကပင် လက်တော် သို့ရောက်ပါ၏။ အမိဝမ်းထဲမှစ၍ ကိုယ်တော်သည် အကျွန်ုပ်ဘုရားသခင်ဖြစ်တော်မူပါပြီ။
Psalms 77:6ညဉ့်အခါ၌လည်း ငါသည် ကိုယ်သီချင်းကို ဆင်ခြင်၍၊ ကိုယ်စိတ် နှလုံးနှင့် ဆွေးနွေးသဖြင့်၊ ငါ့ဝိညာဉ် သည် စစ်ဆေးခြင်းကို ပြု၏။
Psalms 86:16အကျွန်ုပ်ကို မျက်နှာပြု၍ ကယ်မသနားတော် မူပါ။ ကိုယ်တော်၏ကျွန်အား တန်ခိုးတော်ကိုပေး၍၊ ကိုယ်တော် ၏ ကျွန်မသားကို ကယ်တင်တော်မူပါ။
Jeremiah 3:10ထိုမျှလောက်အပြစ်ရှိသော်လည်း၊ သစ္စာပျက် သော ညီမယုဒသည် ငါ့ထံသို့စိတ်နှလုံးအကြွင်းမဲ့ပြန်၍ မလာ။ ပြန်လာဟန်ဆောင်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Acts 16:1ထိုနောက်မှ ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ရောက် လေ၏။ လုတ္တရမြို့၌ တိမောသေ အမည်ရှိသော တပည့်တော်တယောက် ရှိ၏။ သူ၏ အမိကား၊ ယုံကြည်သောယုဒမိန်းမဖြစ်၏။ အဘကား၊ ဟေလသလူဖြစ်၏။