The Bible Software
တိမောသေဩဝါဒစာဒုတိယစောင် · မြန်မာကျမ်းစာ

တိမောသေဩဝါဒစာဒုတိယစောင် 3

1နောင် ကာလ သည် ခဲယဉ်း သော ကာလ ဖြစ် မည်ဟု သိမှတ် လော့။ အဘယ်သို့နည်းဟူမူကား

2လူ တို့သည် ကိုယ်ကိုကိုယ် ချစ်သောသူ၊ ငွေ ကိုတပ်မက်သောသူ၊ ဝါကြွား သောသူ၊ ထောင်လွှား စော်ကားသောသူ၊ သူ့ အသရေကိုရှုတ်ချသောသူ၊ မိဘ စကားကို နားမထောင် သောသူ၊ ကျေးဇူး မရှိသောသူ၊ သန့်ရှင်း ခြင်း မရှိသောသူ

3ပကတိ ကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုး ဖွဲ့သောသူ၊ ချောစား တတ်သောသူ၊ ကိုယ် ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန် သူ၊ သူတော်ကောင်း ကို မုန်းသောသူ

4သစ္စာ ကိုဖျက်တတ်သောသူ၊ သတိပေး ခြင်းကို မခံသောသူ၊ မာန် မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင် ကို နှစ်သက်သည်ထက် ကာမဂုဏ် ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရား ဝတ်၌မွေ့လျော်ယောင်ဆောင် ၍

5မွေ့လျော်ခြင်းတန်ခိုး ကို ငြင်းပယ် သောသူ ဖြစ် ကြလိမ့်မည်။ ထိုသူ တို့ကို ရှောင် လော့။

6ဒုစရိုက် အပြစ်ဝန်ကို ထမ်းရွက် ၍၊ အထူးထူး အပြားပြားသော လောဘ ကိလေသာ သွေးဆောင် ရာ သို့လိုက်၍၊ အစဉ် သင် သော်လည်း

7သမ္မာတရား ကို လေ့ကျက် ခြင်းသို့ အလျှင်း မရောက် နိုင် သော မိန်းမမိုက် တို့ကို၊ အိမ် ထဲသို့ ဝင် ၍ ဘမ်း သွားသောသူတို့သည် ထိုသူတို့အဝင် ဖြစ်ကြ၏။

8ယန္နေ နှင့် ယံဗြေ သည် မောရှေ ကိုတားဆီး သကဲ့သို့၊ ထိုသူ တို့သည် သမ္မာတရား ကိုတားဆီး ကြ၏။ စိတ် နှလုံးယိုယွင်း ၍ ယုံကြည် ယောင်ဆောင် သောသူ ဖြစ်ကြ၏။

9ထိုသူ နှစ်ယောက်တို့၏ မိုက်မဲ ခြင်းသည် လူအပေါင်း တို့ရှေ့မှာ ထင်ရှား သကဲ့သို့ ၊ ဤ သူတို့၏ မိုက်မဲ ခြင်းသည်လည်း ထင်ရှား လိမ့်မည်။ သို့ဖြစ်၍ သူတို့သည် တိုး ၍မ လွန် မသွားရကြ။

10ငါ ဆုံးမ ဩဝါဒပေးခြင်း၊ အကျင့် ကျင့်ခြင်း၊ ကြံစည် ခြင်း၊ သစ္စာစောင့် ခြင်း၊ စိတ်ရှည် ခြင်း၊ ချစ် ခြင်း၊ သည်းခံ ခြင်းတို့ကို၎င်း၊ အန္တိအုတ် မြို့၊ ဣကောနိ မြို့၊ လုတ္တရ မြို့တို့၌ ငါ ခံရ သကဲ့သို့ ၊ အရပ်ရပ်တို့၌ ခံရ သော ညှဉ်းဆဲ ခြင်း၊ ဆင်းရဲ ခြင်းတို့ကို၎င်း၊ သင်သည် ရှာဖွေနားလည်ရပြီ။

11ထိုသို့သောအမှုတို့ကို ငါတွေ့ရသော်လည်း ၊ တွေ့သမျှ ဘို့မှ သခင် ဘုရားသည် ငါ့ ကိုကယ်နှုတ် တော်မူပြီ။

12ယေရှု ခရစ် ၏ တရားတော်နှင့်အညီ၊ ဘုရား ဝတ်၌ မွေ့လျော်၍ နေ ခြင်းငှာအလိုရှိ သောသူ အပေါင်း တို့သည် ညှဉ်းဆဲ ခြင်းကို ခံရကြလိမ့်မည်။

13ဆိုးညစ် သောသူ၊ လှည့်ဖြား သောသူတို့မူကား ၊ သူတစ်ပါး ကို၎င်း၊ ကိုယ်ကို၎င်းလှည့်ဖြား ၍ ဆိုးညစ် ခြင်း၌ တရွေ့ရွေ့တိုးပွား ကြလိမ့်မည်။

14သင် သည်အဘယ်သူ ထံ၌ နည်းခံ ခဲ့ပြီးသည်ကို၎င်း

15ယေရှု ခရစ် ကို ယုံကြည် ခြင်းအားဖြင့် ကယ်တင် ခြင်းအလိုငှာ ပညာကိုပေးနိုင် သော ဓမ္မ ကျမ်းစာ ကို ငယ် သောအရွယ်မှစ၍ လေ့ကျက်သည်ကို၎င်း သိမှတ် သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။

16ထိုကျမ်းစာ ရှိသမျှ သည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍

17ဘုရားသခင် ၏ လူ သည်စုံလင် သောသူ၊ ကောင်း သော အမှု အမျိုးမျိုး တို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူ ဖြစ် မည်အကြောင်း ၊ ဩဝါဒ ပေးခြင်း၊ အပြစ် ကိုဖေါ်ပြခြင်း၊ ၊ ဖြောင့်မတ် စွာ ပြုပြင် ခြင်း၊ တရားကိုသွန်သင် ခြင်း ကျေးဇူး များကို ပြုတတ်၏။

← တိမောသေဩဝါဒစာဒုတိယစောင် 2Read In The App, Free →တိမောသေဩဝါဒစာဒုတိယစောင် 4 →

Study တိမောသေဩဝါဒစာဒုတိယစောင် 3

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word PicturesReina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234