တိမောသေဩဝါဒစာဒုတိယစောင် 3:8
ယန္နေ နှင့် ယံဗြေ သည် မောရှေ ကိုတားဆီး သကဲ့သို့၊ ထိုသူ တို့သည် သမ္မာတရား ကိုတားဆီး ကြ၏။ စိတ် နှလုံးယိုယွင်း ၍ ယုံကြည် ယောင်ဆောင် သောသူ ဖြစ်ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of တိမောသေဩဝါဒစာဒုတိယစောင် 3
Cross References
Exodus 7:22အဲဂုတ္တု အမျိုးသားဝိဇ္ဇာဆရာ တို့လည်း ဝိဇ္ဇာအတတ် အားဖြင့် ထိုအတူ ပြု ကြ၏။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဖါရော ဘုရင်သည် နှလုံး ခိုင်မာ ၍ သူ တို့၏စကားကို နား မ ထောင်ဘဲနေ၏။
Exodus 8:18ဝိဇ္ဇာဆရာ ကိုလည်း ၊ ခြင် ကောင်တို့ကို ဖြစ် စေ ခြင်းငှါ ဝိဇ္ဇာအတတ် အားဖြင့် ထိုအတူ ပြု ၍ မ တတ် နိုင် ကြ။ သို့ဖြစ်၍ လူ တို့နှင့် တိရစ္ဆာန် တို့၌ ခြင် ကောင်တို့သည် ရှိ ကြ၏။
Jeremiah 28:1ထိုနှစ်တည်းဟူသောယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံစတုတ္ထ နှစ် ၊ ပဉ္စမ လ တွင် ၊ ဂိဗောင် မြို့နေ၊ အာဇုရ သား ဟာနနိ က၊
Acts 13:8အနက် အားဖြင့်နတ် ဝိဇ္ဇာအတတ်သမားဟု ဆိုလို သော ဧလုမ အမည်ရှိသောထိုသူ သည် မြို့ဝန် ကို ယုံကြည် ခြင်းမှ လွှဲ အံ့သောငှာတမန်တော် တို့ကို ဟန့်တား လေ၏။
Romans 1:28ထိုသူတို့သည် ဘုရားသခင် ကို မ သိ မမှတ် လို သည်ဖြစ်၍ ၊ မ လျောက်ပတ် သော အမှု ကို ပြု စေမည် အကြောင်း၊ ဘုရားသခင် သည် သူ တို့ကို မောဟ လက် သို့ အပ် လိုက်တော်မူသည်နှင့်အညီ ၊
2 Corinthians 11:13အကြောင်းမူကား ၊ ထိုသူ တို့သည် မိစ္ဆာ တမန်တော်ဖြစ်ကြ၏။ ခရစ်တော် ၏ တမန် ဖြစ်ယောင်ဆောင် လှည့်ဖြား တတ်သော အမှု စောင့်ဖြစ်ကြ၏။